ဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး ပြင်ဆင်ရန် အချက် ၁၅၀ ခန့်ရှိဟု အန်အယ်လ်ဒီပြော

826
၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြင်ဖို့လုပ်ထားတဲ့ အချက်ပေါင်း ၁၅၀ လောက်ရှိတယ်လို့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ပြောပါတယ်။
အဖွဲ့ချုပ် ဗဟိုကော်မတီအစည်းအဝေးကို ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပပြုလုပ်ဖို့ရှိပြီး အဲ့ဒီ အစည်းအဝေးမှာ လွှတ်တော်ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို တင်မယ့် အဖွဲ့ချုပ်ရဲ့ အကြံပြုစာတမ်းကို အတည်ပြုမှာ ဖြစ်ပါတယ်။