Saturday, June 3, 2023
HomeLead Storyကြာအင်းဆိပ်ကြီးတွင် BGF တပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရ

ကြာအင်းဆိပ်ကြီးတွင် BGF တပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ်၊ ကျိတ်ကျေးရွာမှာ အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းက  အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်(BGF)တပ်ဖွဲ့ဝင် ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျိတ်ကျေးရွာအနီး လှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံ ကျိုက်ဒုံမြို့၊ နယ်ခြားစောင့် ၁၀၂၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၂ ဦးဟာ ကျေးရွာအတွင်း ဘီယာသွားဝယ်ရင် အမည်မသိသေနတ်သမား ၂ ဦးရဲ့ အနီးကပ် သေနတ်နဲ့  ပစ်သတ်ခံရတာလို့ ဆိုပါတယ်။

ဒေသခံရွာသား တစ်ဦးက”အသတ်ခံရတာ ဟုတ်တယ်။  နေ့ခင်းလောက် အရပ်ဝတ်နဲ့ ဘီယာလာဝယ်သောက်တယ်လို့တော့ ကြားတယ်။ ပစ္စတိုနဲ့ အနီးကပ်ပစ်တာ  ပွဲချင်းပြီးပဲ။ လာပစ်တာ နည်းသေးတယ်။ တစ်ဖွဲ့လုံးက အကြမ်းဖက် အဖွဲ့ရဲ့ လက်ပါးစေတွေ “လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာကို  စစ်ကောင်စီရဲ့တပ်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့တွေရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ကာ  သေဆုံးသွားသူတွေကို သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ကျိတ်ကျေးရွာဟာ ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်ပြီး သြဂုတ် ၂၁ ရက်နေ့က စစ်ကောင်စီရဲ့တပ်က ကျိတ်ကျေးရွာ အတွင်းစခန်းချနေတဲ့ တပ်စခန်းကို စွန့်ခွာသွားပြီးနောက် ကေအဲန်အယ်လ်အေတပ်ဖွဲ့ဝင်တွေက စခန်းအတွင်း ၀င်ရောက်ရှင်းလင်းပြီး မီးရှို့ဖျက်ဆီးခဲ့လို့ နှစ်ဘက် စစ်ရေးတင်းမာမှုတွေရှိပြီး မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular