အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေကို လျော်ကြေးငွေရူပီး ၅ သောင်းစီ ပေးအပ်သွားဖို့ အထက်တရားရုံးက သက်ဆိုင်ရာ ပြည်နယ်အာဏာပိုင်တွေကို ညွှန်ကြား လိုက်ပါတယ်။
ဒါဟာ သေဆုံးသူတွေရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေရဲ့ ဆုံးရှုံးမှုအပေါ် ကူညီနိုင်ဖို့ နည်း လမ်းတခုဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူပေါင်း ၄၄၉,၂၆၀ ယောက်ထိ ရှိခဲ့ပြီး အဲဒီထဲမှာ မြို့တော် နယူးဒေလီအပါအဝင် အဓိကမြို့ကြီးတွေမှာ ဆေးရုံကုတင် မလုံလောက်တာ၊ အောက်ဆီဂျင်မလုံလောက်တာစတဲ့ ပြသနာတွေကြောင့် သေဆုံးရသူတွေ မပါဝင်သေးဘူးလို့ ဆိုပါတယ်။
အိန္ဒိယတရားရုံးချုပ်ကတော့ ခုလတ်တလော ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေကို လျော်ကြေးပေးအပ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး “ကိုဗစ်-၁၉ ကြောင့်မိသားစု၀င်တဦး ဆုံးရှုံးရတဲ့အပေါ် ခံစားခဲ့ရသူ မိသားစုဝင်တွေရဲ့ မျက်ရည်တွေကို သုတ်ပေးနိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေအားလုံးက တဖက်တလမ်းက ကူညီဖေးမမှုတခုအနေနဲ့ ဆောင် ရွက်ကြရပါမယ်” လို့ ပြောပါတယ်။
တခြားနိုင်ငံတွေ အတော်များများမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးရမှုတွေအပေါ် အစိုးရက လျော်ကြေးပေးအပ်တာမျိုး တိတိပပ မသိရပေမယ့် ထိုင်းနိုင်ငံမှာတော့ အမျိုးသားတ ယောက်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဆေးကုသမှုပိုင်း တာဝန်လစ်လျူရှုမှုအပေါ် ဘတ် ၄ ဒသမ ၅၃ သန်း လျော်ကြေးရလိုမှု လျှောက်ထားခဲ့တာမျိုး တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ ဒယ်လ်တာမျိုးကွဲ ကိုဗစ်-၁၉ ကူးစက်မှုဟာ အန္တရာယ်ရှိအဆင့်ထိ ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ မေလ တလတည်းမှာတင် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၁၇၀,၀၀၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ နေ့စဉ်ရောဂါကူးစက်မှုနှုန်းဟာ ၃၄,၀၀၀ ဝန်းကျင်မှာသာ ရှိနေခဲ့ပြီဖြစ် တယ်လို့ ကိန်းဂဏန်းအချက်အလက်တွေအရ သိရပါတယ်။
ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်မှု အမြင့်ဆုံး အမေရိကန်ပြီးရင် အိန္ဒိ ယနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၃၃ ဒသမ ၈၅ သန်းနဲ့ ဒုတိယနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။