ထီးချိုင့်မြို့နယ် ကမ်းနီရဲစခန်းကို PDF က ဝင်ရောက်စီးနင်း မီးရှို့

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကမ်းနီရဲစခန်းကို အောက်တိုဘာ ၄ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်မှာ ထီးချိုင့် PDF က ဝင်ရောက်စီနင်း မီးရှို့ခဲ့ပါတယ်။

ကမ်းနီးရဲစခန်းကို ထီးချိုင့် PDF အဖွဲ့ဝင်  ၁၀၀ လောက်နဲ့ စီးနင်းခဲ့တာဖြစ်ပြီး စစ်ကောင်စီ ဒေါက်တိုင်ဖြစ်တဲ့ စခန်းကိုလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

“ကမ်းနီရဲစခန်းက ထီးချိုင့် PDF တွေ မနေ့က ည ၁၀ နာရီလောက် ဝင်ရောက်စီးနင်းခဲ့တယ်။ ရဲစခန်းကို မီးရှို့ဖျက်ဆီးသွားတယ်။ အဲဒီရဲစခန်းက ရဲတွေက ပြီးခဲ့တဲ့ ၃ လောက်ကတည်းက အကုန်လုံး ရွှေ့ပြောင်းထားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ကလည်း ထီးချိုင့်မြို့နယ် အလယ်တောရဲစခန်း မီးရှို့ ဖျက်ဆီးခံရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up