မုံရွာမြို့တွင် ချိုင်းထောက်ဖြင့် လှည့်လည်သွားလာနေသူ ၁ ဦး ဓားထိုးခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရပ်ကွက်အလိုက် ချိုင်းထောက်နဲ့ လှည့်လည်သွားလာနေတဲ့ အမျိုးသားတစ်ဦး အောက်တိုဘာ ၅ ရက်နေ့ မနက်က ဓားထိုးခံခဲ့ရတယ်လို့ မျက်မြင်သူတွေဆီက သိရပါတယ်။
မုံရွာမြို့ခံအလုပ်သမားတစ်ဦးက “ကျနော်တို့ မနက်အလုပ်သွားရင်းနဲ့ တိုင်းရင်းဆေးရုံ လမ်းထောင့်နဲ့ သာစည်လမ်းထောင့်မှာ မြင်ခဲ့ရတာ။ သေသလား၊ ရှင်သလားတော့မသိဘူး။ လိုင်းပေါ်မှာတော့ စစ်ကောင်စီသတင်းပေးလို့တော့ တင်ထားတာတွေတော့ အရင်ရက်ပိုင်းတွေက ရှိခဲ့တယ်။ အတိကျတော့မသိဘူးပေါ့ဗျာ။ ပြောချင်တာကတော့ စိတ်မကောင်းဘူးပေါ့ဗျာ။ လုပ်တဲ့သူတွေကလည်း သေချာမှ လုပ်စေချင်တယ်။ အခုဟာက ဒလန်ဆိုပြီး အသတ်ခံရတဲ့သူတွေလည်း အတော်လေးကိုများနေပြီဆိုတော့ စိတ်ထဲမကောင်ဘူး” လို့ ပြောပါတယ်။
မုံရွာမြို့နယ်အတွင်း စစ်ကောင်စီဆန့်ကျင်ရေး အဖွဲ့တွေကတော့ စစ်ကောင်စီ ထောက်ခံအားပေး ဒလန်လုပ်နေသူတွေကို လိုက်လန်ရှင်းလင်းနေပါတယ်။
ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီရဲ့လက်အောက်မျာ မလုပ်ကြဘဲ ပြည်သူနဲ့အတူ ပူပေါင်းပြီး CDM လုပ်ကြဖို့ အကြိမ်ကြိမ်သတိပေးထုတ်ပြန်ထားပါတယ်။