Home
မြန်မာသတင်း
အသေးစားချေးငွေလုပ်ငန်းများ ရပ်နားရန် ဖောင်းဒိုင်းဖောင်းဒိုင်းအဖွဲ့က မိုင်းခွဲသတိပေး
DVB
·
October 5, 2021
244456243_104646238656457_4433365682788533480_n

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း အတင်းအဓမ္မ ငွေကောက်ခံနေတဲ့ အသေးစားချေးငွေလုပ်ငန်းတွေ ရပ်နားကြဖို့ အသေးစားချေးငွေလုပ်ငန်းရုံးတခုရှေ့မှာ ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က အောက်တိုဘာလ ၄ ရက် ညနေ ၃ နာရီလောက် မိုင်းခွဲသတိပေးလိုက်ပါတယ်။

အသေးစားချေးငွေ ဆက်လက်ကောက်ခံနေပါက ဝန်ထမ်းတွေရဲ့အသက် အိုးအိမ်ကို တာဝန်ယူမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ပြည်သူလူထုနဲ့ CDM ဝန်ထမ်းတွေ အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ယမင်းသူ၊ ပက်မြန်မာဘဏ် စတဲ့ အသေးစားချေးငွေ လုပ်ငန်းတွေဟာ ချေးငွေတွေကို အတင်းအဓမ္မတောင်းခံတာတွေ ပြုလုပ်နေတဲ့အတွက် အခုလို မိုင်းခွဲသတိပေးလိုက်တာလို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရေးတော်ပုံ ကာလအတွင်း ချေးငွေလုပ်ငန်းတွေအားလုံး အောက်တိုဘာလ ၇ ရက်နေ့နောက်ဆုံးထား ရပ်နားပေးကြဖို့နဲ့ ဆက်လက်ပြီး တောင်းခံနေမယ်ဆိုပါက ဝန်ထမ်းတွေရဲ့ အသက်အိုးအိမ်ကို တာဝန်ယူတော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဝက်လက်မြို့နယ်အတွင်းက ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့ဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ဒလန်၊ ပျူစောထီး ၆ ဦးအထိ သုတ်သင်ရှင်းလင်းထားပြီး မိုင်တဲလ်တာဝါတိုင် ၉ တိုင်ကိုလည်း ဖောက်ခွဲဖျက်ဆီးထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024