DVB Logo
Home
မြန်မာသတင်း
မလေးရောက် မြန်မာအလုပ်သမား ၉၇ ယောက် အကူအညီလိုအပ်
DVB
·
December 27, 2013
မလေးရောက် မြန်မာအလုပ်သမား ၉၇ ယောက် အကူအညီလိုအပ်
Donate to DVB

မလေးရှားနိုင်ငံ ဆာဗား ဆာရာဝတ်ပြည်နယ်ရှိ မီရီ(Miri) ဆိပ်ကမ်းမြို့ ရှင်းရန်းသင်္ဘောကျင်း စက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၉၇ ဦးဟာ ဂိုဒေါင်ကနေ အမြန်ဆုံး ထွက်ခွာနိုင်ရေးအတွက် အကူအညီ လိုအပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

[caption id="attachment_49147" align="alignright" width="300"]ဓာတ်ပုံ - နော်နော် ဓာတ်ပုံ - နော်နော်[/caption]မနေ့က မလေးရှားရဲ သုံးယောက်နဲ့ သတင်းထောက်တယောက် လာရောက်မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သင်္ဘောကျင်း ဂိုထောင်ထဲမှာ ပုန်းအောင်းနေတဲ့ မြန်မာအလုပ်သမား ဦးမျိုးထက်က ပြောပါတယ်။

“မနေ့ကတော့ ရဲတဖွဲ့နဲ့ သတင်းမီဒီယာက တယောက်နဲ့ လာရောက်မေးမြန်းတယ်။ ရဲက မလေးစကားတက်တဲ့ တယောက်နဲ့ လာရောက်မေးမြန်းတယ်၊ ဒီမှာချုပ်နှောင်ထားတာရှိလား၊ ဘာအခက်အခဲရှိလဲ၊ သွားရလာရတာ လွတ်လပ်လားလို့ လာမေးတယ်။ သံရုံးက ဖြေရှင်း ပေးမယ်ဆိုလို့ ကျနော်တို့ စောင့်နေပါတယ်။ မနက်ဖြန် ရောက်မယ်လို့ အတိအကျ ပြောပါတယ်။ လာမယ့် သံရုံးအဖွဲ့နဲ့ ကူညီမှုတွေကို မျှော်လင့်နေပါတယ် ကျန်တဲ့ အတိုင်းအတာက လုံခြုံစိတ်ချမှု တော့ ရှိနေတယ်လို့ ပြောချင်ပါတယ်။ ”

မလေးရှားရှိ မြန်မာအလုပ်သမား အရာရှိဟာ အလုပ်သမား အေဂျင်စီ အာဘာဖီကုမ္ပဏီနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး မှူးဇော်ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖော်ပြထားပေမယ့် ယခုအချိန်အထိ မြန်မာသံရုံးရဲ့ တာဝန်ရှိသူတွေ ရောက်မလာသေးဘူးလို့ အလုပ်သမားတွေ ပြောဆိုပါတယ်။
မလေးရှားနိုင်ငံ မြန်မာသံရုံးအလုပ်သမား ကိုယ်စားလှယ်ဦးစိုးဝင်းက ဒီအလုပ်သမားတွေကို မလေးရှားနိုင်ငံကို ပို့ထားတဲ့ မြန်မာပြည်က အေးဂျင့်ကို စောင့်ဆိုင်းနေပြီး မလေးရှား အာဏာပိုင်တွေ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ မနေ့က ပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်နေ့က မြန်မာအလုပ်သမား ၂ ဦး အင်ဒိုနီးရှားအလုပ်သမား ၂ ဦးတို့ အချင်များရာကနေ အင်ဒိုနီးရှားအလုပ်သမား ၃၀၀ ကျော်က အသုံးအဆောင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးပြီး ရန်ပြု တိုက်ခိုက်မှုကြောင့် ဂိုထောင်တခုမှာ ပုန်းအောင်းနေကြရတာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမား ၉၇ ဦးထဲက အများစုက မြန်မာပြည်ကို ပြန်ချင်နေကြပြီး ကုမ္ပဏီပိုင် ဂိုထောင်တခုတွင် စုစည်းနေထိုင်ကာ စားသောက်ရေးအတွက် ကုမ္ပဏီက ပေးတဲ့ ထမင်းစား ကူပွန်များသုံးပြီး စားသောက်နေကြရကြောင်း သိရပါတယ်။

မလေးရှားမှာ တရားဝင် အလုပ်သမား ၃ သိန်းနဲ့ တရားမဝင် ၄ သောင်းလောက်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013