ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ရာနှုန်းပြည့် ပြန်ကောင်းပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း (ခွဲစိတ်) ဦးဆောင်တဲ့ ဆရာဝန်များအဖွဲ့က ခြေထောက်ခွဲစိတ်ထားတဲ့ အနာချုပ်ရိုးကို ဒီဇင်ဘာ ၂၆ ရက်နေ့က ဖြည်ကြည့်ပြီးနောက် အနာကျက်နေပြီး ကောင်းမွန်စွာ လမ်းလျှောက်နိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ daw aung san suu kyi (photo - reuters)ဒေါက်တာတင်မျိုးဝင်းက အဖွဲ့ချုပ်ဥက္ကဋ္ဌအနေနဲ့ လုပ်ငန်းတာဝန်တွေ ပြန်လည် လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း ခွင့်ပြုလိုက်ပါတယ်။ ဒါကြောင့် အဖွဲချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ် သွားရောက်ဖို့ မူလ စီစဉ်ထားတဲ့အတိုင်း လာမယ့်နှစ် ဇန်န၀ါရီ ၆ ရက်နေ့မှာ သွားရောက်မယ်လို့ မိသားစုဆရာဝန်က အတည်ပြု ပြောကြားပါတယ်။

More News
Up