ပုသိမ်ကြီးမြို့နယ်တွင် မိုင်တဲတာဝါတိုင် ၁ တိုင် ဖောက်ခွဲ ဖျက်ဆီးခံရ
DVB
·
October 4, 2021

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေလောင်ရွာအနီးက စစ်တပ်ပိုင် မိုင်တဲလ်ဆက်သွယ်ရေး တာဝါတိုင် တတိုင် အောက်တိုဘာ ၄ ရက် ညနေ ၄ နာရီလောက်က ဖောက်ခွဲ ဖျက်ဆီးခံရပါတယ်။
အဆိုပါ မိုင်တဲလ်ဆက်သွယ်ရေး တာဝါတိုင်ကို ဖောက်ခွဲတာဟာ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)က လုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်ရဲ့ ကျောထောက်နောက်ခံတွေနဲ့ စစ်ကောင်စီတပ်တွေကို သတင်းပေးနေတဲ့သူတွေကို ဆက်လက်ရှင်းလင်းသွားဖို့ ရှိတယ်လို့ PAFD တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။