DVB Logo
Home
မြန်မာသတင်း
မန္တလေး ပေါက်ကွဲမှု ၁ ဦး သေ၊ ၄ ဦး ဒဏ်ရာရ
DVB
·
December 27, 2013
မန္တလေး ပေါက်ကွဲမှု  ၁ ဦး သေ၊ ၄ ဦး ဒဏ်ရာရ
Donate to DVB

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာကျော်အေးဆိပ် သင်္ဘောကျင်းအနီးမှာ ဆိုက်ကပ်ထားတဲ့ ကျောက်တင်ဇက်ပေါ်မှာ ဂဟေဆက်ရာကနေ ပေါက်ကွဲမှုတခု ဖြစ်ပွားပြီး လူတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။

[caption id="attachment_49204" align="alignright" width="300"]ဓာတ်ပုံ - ငြိမ်းမိုးနောင် ဓာတ်ပုံ - ငြိမ်းမိုးနောင်[/caption]ဒီဇင်ဘာ ၂၇ ရက်နေ့ မနက် ၉ နာရီ ၁၅ မိနစ်လောက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ပုသိမ်ကြီးမြို့နယ် ဓမ္မကျကျေးရွာက ဒေါ်သီသီမြင့် အသက် (၄၀နှစ်) သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားပါတယ်။

မန္တလေး အမှတ် ၇ ရဲစခန်းက တာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးက “လူ ၁ ယောက် သေသွားတယ်လို့ ကြားတယ်ဗျာ၊ ဆေးရုံမှာပေါ့နော်၊ ဆေးရုံပို့ထားတာ၊ အသေအပျောက်က ၁ ယောက်၊ ဒဏ်ရာရတာက ၄ ယောက်ရှိပါတယ်” လို့ ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိ သတင်းရယူနေတဲ့ မန္တလေးမြို့ခံ သတင်းထောက် ကိုစည်သူလွင်ကတော့ ပေါက်ကွဲမှု ဖြစ်ပွားတဲ့ ဇက်ဟာ အရင်က ဒီဇယ်တင်တဲ့ ဇက် ဖြစ်ပြီး ဇက်အနီးက အမျိုးသမီး ၁ ဦး သေဆုံးသွားတယ်လို့ ရှင်းပြပါတယ်။

“အဲဒီနားလေးမှာ အ၀တ်လျှော်နေတဲ့ အမျိုးသမီးကတော့ ပွဲချင်းပြီး အဲဒီနေရာမှာ ဆုံးသွားတယ်။ ဒဏ်ရာရသူတွေကိုတာ့ ဆေးရုံကို တိုက်ရိုက် ပို့လိုက်ရတယ်။ အခုတော့ တာဝန်ရှိတဲ့သူတွေက အလုပ်သမားတွေ ကျန်ရှိနေအုံးမယ်ဆိုပြီးတော့ ဆက်လက်ပြီးတော့ ရှာဖွေနေတယ်။ ပြီးတော့ အဲဒါကြီးကလည်း ရှာလို့မလွယ်ဘူး။ အဲဒီထဲမှာ တန်ပေါင်းက မနည်းဘူး တင်ထားတယ်။ ကျောက်တွေ တင်ထားတဲ့ ဇက်ကြီး ပေါက်ကွဲတာဆိုတော့ ဇက်ကြီးက ခါးပိုင်းကျိုးပြီး ကျောက်တွေက အောက်ကို အိဝင်သွားတာလေ အဲဒီအတွက် သူတို့ ရှာဖို့ မလွယ်ဘူး ဖြစ်နေတယ်။ လက်ရှိ တာဝန်ကျတွေတောင်မှ စာရင်း အတိအကျမရသေးဘူး ဖြစ်နေတယ်။”

ပေါက်ကွဲမှုကြောင့် ဇက် ခါးပိုင်းကျိုးပြီး သက်ဆိုင်ရာက ရှာဖွေရေးလုပ်ငန်းတွေကို လုပ်ဆောင်နေသလို ဇက်ပေါ်မှာ ကျောက်တွေ တန်ချိန် အမြောက်အမြား တင်ထားတဲ့အတွက် ရှာဖွေရေး လုပ်ငန်းမှာ အခက်အခဲတွေ ရှိနေတယ်လို့ မြို့ခံသတင်းထောက်ရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013