မယ်လဒုက္ခသည်စခန်း မီးလောင် (မွန်းလွဲ ၂ နာရီ ၃၅ မိနစ် မေးမြန်းချက်)
DVB
·
December 27, 2013
ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ (ဘဲကလော်) ဒုက္ခသည်စခန်းမှာ မီးလောင်မှု ဖြစ်ပွားနေပါတယ်။
[caption id="attachment_26876" align="alignright" width="300"] မယ်လ ဒုက္ခသည်စခန်း( ဓာတ်ပုံ - ရိုက်တာ)[/caption]ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီက မယ်လဒုက္ခသည်စခန်းအတွင်း ဇုန်စီ အမ်အိုအိုင်ရုံးအနောက်ဘက်ရှိ စာသင်ကျောင်းကနေ စတင်မီးလောင်ကျွမ်းနေတာဖြစ်ပြီး လတ်တလော အိမ်အလုံး ၄၀ လောက်ကို လောင်ကျွမ်းခဲ့ကြောင်း မယ်လဒုက္ခသည် စခန်းမှာ နေထိုင်တဲ့ ဒုက္ခသည်တဦးက ပြောပါတယ်။
မီးသတ်ကားတွေ ရောက်ရှိနေပြီး မီးငြိမ်းသတ်ဖို့အတွက် မီးလောင်ကျွမ်းတဲ့ နေရာကို သွားရောက်ဖို့ ခက်ခဲနေကြောင်း ဆက်လက်ပြောဆိုပါတယ်။