ပုသိမ်မြို့ကို ဝင်ထွက်သွားလာသည့် ရေယာဉ်များကို စစ်တပ်နှင့်ရဲက ပိုက်စိပ်တိုက်ရှာဖွေနေ

ဧရာဝတီတိုင်းမြို့တော် ပုသိမ်ကို ဝင်ထွက်သွားလာ​​နေတဲ့ ခရီးသည်တင်​ရေယာဥ်တွေနဲ့ ကုန်တင်​ရေယာဥ်တွေကို  ​အောက်တိုဘာ  ၃ ရက်​နေ့က  စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲတွေက လုံခြုံရေးတင်းကျပ် ရှာဖွေစစ်​ဆေးနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ပုသိမ်မြို့ကို ​ရေလမ်း​ကြောင်းနဲ့ ငပု​တော​အောက်ဘက် ကျေးရွာတွေနဲ့  ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို ပြေးဆွဲ​နေတဲ့ ရေယာဥ်လိုင်းတွေကို ရှာဖွေ စစ်ဆေးနေတာဖြစ်ပါတယ်။

"သူတို့က ပြည်သူကို စိတ်​ညစ်​အောင်လုပ်​နေတာ​လေ၊ ညဘက်ဆို စစ်တာ​တွေ​ကော မြို့ထွက်စစ်တာ​တွေ​ကောလုပ်တယ် "လို့ ပုသိမ်မြို့ခံတစ်ဦးက​ ပြောပါတယ်။

ခရီးသည်တင်စက်လှေတွေ၊ ကုန်တင်ရေယာဉ်တွေအပြင် ပုသိမ်မြို့နယ်အတွင်းက ကျောက်ငူကူးတို့ဆိပ်၊ ဝဲဒေါင့်ကူးတို့ဆိပ်နဲ့ အမှတ် ၁ ဘောတံတားဆိပ်ကမ်းတို့မှာပါ လက်နက်ကိုင်တပ်တွေက ရှာဖွေစစ်ဆေးနေတယ်လို့ သိရပါတယ်။

ငဝန်မြစ်ကြောင်းတလျှောက် တပ်မတော်၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ ရေကြောင်းရဲတပ်ဖွဲ့၊ မိုင်းရှင်းလင်းရေးအဖွဲတွေ နေ့/ညမပြတ် ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးမှုတွေ အချိန်ပြည့်လုပ်ဆောင်နေတယ်လို့လည်း  ပုသိမ်မြို့နယ်အုပ်ချုပ်​ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

More News
Up