DVB Logo
Home
Lead Story
ကမ္ဘာလှည့်ခရီးသည် ၁.၉ သန်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်
DVB
·
December 26, 2013
ကမ္ဘာလှည့်ခရီးသည် ၁.၉ သန်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်
Donate to DVB

မြန်မာပြည်ထဲ လာရောက်လည်ပတ်ခဲ့ကြတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၁ ဒဿမ ၉သန်း ရှိသွားပြီလို့ ဟိုတယ်ခရီးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းတွေအရ ပြောပါတယ်။

[caption id="attachment_11429" align="alignright" width="300"]photo_Popularmyanmar photo_Popularmyanmar[/caption]ဒီအရေအတွက်ဟာ နိုင်ငံတကာလေဆိပ်တွေနဲ့ နယ်စပ်ဝင်ပေါက်တွေက ၀င်ရောက်လည်ပတ်တဲ့ ခရီးသည် အားလုံးရဲ့ အရေအတွက် ဖြစ်ပြီး ဟိုတယ်ခရီးက မျှော်မှန်းထားတဲ့ ခရီးသည် ၂ သန်းနဲ့ အတော်လေး နီးစပ်တဲ့ ခရီးသည်အရေအတွက်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ပုဂံဒေသကို အခုရက်ပိုင်း နိုင်ငံခြားသားခရီးသည် ဦးရေ ၈၀၀ လောက် ပုံမှန်လာရောက်နေကြောင်း ပုဂံဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။

ဥရောပနဲ့ အာရှဒေသက ခရီးသည်တွေအလာများပြီး အာရှဧည့်သည်က ပိုများတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013