မိုးညှင်းမြို့အနီး မြေငလျင်လှုပ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီး အင်အားရစ်ချ်တာစကေး ၄  အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တစ်ခု  အောက်တိုဘာ ၃ ရက် မနက်အစောပိုင်းက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် မြန်မာစံတော်ချိန်  ၄ နာရီခွဲကျော်လောက်မှာ ကသာမြေငလျင်စခန်းမှ မြောက်ဘက် မိုင် ၄၀ ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း မိုးညှင်းမြို့ရဲ့  အရှေ့တောင်ဘက် ၃  မိုင်ခန့်အကွာ အနက် ၁၀  ကီလိုမီတာကို ဗဟိုပြုပြီး  မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။

အဆိုပါ မြေငလျင်ကြောင့် ထိခိုက် ပျက်စီးမှု သတင်းတွေကတော့ မရရှိပါဘူး။ 

More News
Up