Saturday, June 10, 2023
HomeLead Storyအောင်လံမြို့ လဝကရုံးတွင် ဗုံး ၂ လုံးပေါက်ကွဲ

အောင်လံမြို့ လဝကရုံးတွင် ဗုံး ၂ လုံးပေါက်ကွဲ

မကွေးတိုင်း၊ အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်မှာရှိတဲ့ လဝကရုံးရှေ့မျက်နှာစာမှာ အောင်တိုဘာ  ၃ ရက် မနက် ၆ နာရီလောက်က ဗုံး ၂ လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါပေါက်ကွဲမှုတွေကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကတော့ မကြားသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ 

 ”အစောကြီးဆိုတော့ လူ မရှိသေးဘူး။ ရုံးအစောင့်တော့ ရှိမှာပေါ့။ လူနာတင်ကားတွေတော့ သွားတာ မမြင်ဘူး။ အဆောက်အအုံနဲ့ခြံစည်းရိုးတော့ ထိလောက်တယ်” လို့ သူက ဆက်ပြောပါတယ်။

ဒီနေ့ ဗုံးဖောက်ခွဲတာကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က သူ့တို့ရဲ့ လက်ချက်ဖြစ်တယ်လို့ထုတ်ဖော်ပြောထားပြီး စစ်ကောင်စီရဲ့လက်ပါးစေတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်ရှိသူ တဦးက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular