Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြီး စောလားဘွယ် ဆေးကုသမှု ခံယူနေရ
နော်နိုရင်း
·
December 26, 2013
ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ်ဟာ လည်ချောင်းဝေဒနာခံစားရ တဲ့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကတည်းက ရန်ကုန် မြောက်ဒဂုံမှာရှိတဲ့ ပင်လုံဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ Saw Lar Bwelလက်ရှိ ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး သူနဲ့အတူ လိုက်ပါတဲ့ ဒီကေဘီအေတပ်ဖွဲ့ရဲ့ ဆက်ဆံရေးနဲ့ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီးမောင်လေးက အခုလို ပြောပါတယ်။ “သူ့လည်ချောင်းနာလို့ အခု ခန္ခာကိုယ်စစ်စေးမှုတွေ လုပ်နေတယ်။ အဖြေကတော့ ထွက်သေးဘူး။ အခြေအနေကတော့ လောလောဆယ်ကတော လည်ချောင်းနာနေတယ်ဆိုတော့ စကားတော့ ပြောလို့မရဘူး။ စကားပြောမရတာကလွဲလို့ ကျန်တဲ့ အခြေအနေတွေကတော့ ကောင်းပါတယ်။ အခြေအနေ မကောင်းဘူးဆိုရင်တော့ စင်ကာပူကို သွားဖို့ရှိပါတယ်။ ” ကျန်းမာရေးကိစ္စကြောင့် စင်ကာပူနိုင်ငံကို ဆေးကုသမှု ခံယူမယ်ဆိုရင်တော့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကနေပြီး နိုင်ငံကူးလက်မှတ်ရရှိရေးအတွေက် စီစဉ်ဆောင်ရွက်ပေးမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးညိုအုန်းမြင့်က ပြောပါတယ်။ “သူရဲ့ကျန်းမာရေးကိစ္စကိုတော့ ကျနော်တို့ ဒီရန်ကုန်အရောက် နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ နောက် ဒေသဆိုင်ရာ တိုင်းနဲ့ မြန်မာငြိမ်းရေးစင်တာကနေပြီး အားလုံးဝိုင်းပြီးကူညီပါတယ။် ဆေးကိစ္စတွေကိုလည်း အကုန်လုံး စီစဉ်ပေးပါတယ်။ ဒေါက်တာဆိုင်မွန်သာလည်း အနီးကပ် ကြီးကြပ်ပြီး လုပ်နေပါတယ်။” သူ့ရဲ့ ကျန်းမာရေး အခြေအနေ အသေးစိတ်သိရဖို့ ဒေါက်တာ ဆိုင်မွန်သာကို ဆက်သွယ်ခဲ့ပေမယ့် ခရီးသွားနေတဲ့အတွက် ဆက်သွယ်မှု မရရှိခဲ့ပါဘူး။ ဗိုလ်ချုပ်ကြီး စောလားဘွယ်ဟာ ကျန်းမာရေးအခြေအနေကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ နေ့က ကျင်းပတဲ့ ၁၉ နှစ်မြောက် ဒီကေဘီအေ တပ်မတော်နေ့ စစ်ရေးပြပွဲကို တက်ရောက်နိုင်ခြင်းမရှိပါဘူး။ ဗိုလ်ချုပ်စောလားဘွယ် ခေါင်းဆောင်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ အစိုးရက ဖိအားပေးချိန်မှာ လက်မခံဘဲ အစိုးရကို ပြန်လည်တိုက်ခိုက်တဲ့ တပ်ဖြစ်သလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024