Monday, May 29, 2023
HomeLead Storyပုသိမ်ကြီးမြို့နယ်လျှပ်စစ်ရုံး လက်လုပ်ဗုံးဖြင့် ပစ်ခံရ

ပုသိမ်ကြီးမြို့နယ်လျှပ်စစ်ရုံး လက်လုပ်ဗုံးဖြင့် ပစ်ခံရ

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းသာယာရပ်ကွက်၊ ရန်ကြီးအောင်လမ်းရှိ မြို့နယ် လျှပ်စစ်ရုံးမှာ အောက်တိုဘာ ၂ ရက် ည ၇ နာရီခွဲက ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လူငယ် နှစ်ယောက် မောင်းနှင်လာတဲ့ ဆိုင်ကယ်ပေါ်ကနေ လက်လုပ်ဗုံးနဲ့ ပစ်သွားတာဖြစ်ပြီး လူထိခိုက်မှု မရှိပေမဲ့ ရုံးပြတင်းပေါက်မှန်တချို့ ပျက်စီးတာရှိတယ်လို့  သိရပါတယ်။

“ညအစောပိုင်းလောက်က EPC ရုံး လက်လုပ်ဗုံး ထုခံရတယ်။ ထုတဲ့သူတွေကို CCTV မှတ်တမ်းရတယ် ဆိုပြီးတော့လည်း ကြားနေရတယ်” လို့ ပုသိမ်ကြီးမြို့ခံတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တချို့ ရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ ရှာဖွေစစ်ဆေးနေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular