Home
မြန်မာသတင်း
ရေစကြိုတွင် ဆောက်လုပ်ရေးလုပ်သား ၃ ဦး ဓာတ်လိုက် သေဆုံး
DVB
·
December 26, 2013
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် မအူဈေးရွာ ခေါ် ကမ်းနားရွာမှာ ဦးစိုးဝေအိမ်ဝိုင်း အတွင်း တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင် သံတိုင်တွေထောင်မတ်စဉ် ဓာတ်လိုက်ခံရလို့ ၃ ဦး သေဆုံးသွားပါတယ်။ [caption id="attachment_49169" align="alignright" width="300"]ဓာတ်ပုံ - aungyesagyo ဓာတ်ပုံ - aungyesagyo[/caption] ဒီနေ့မနက်ပိုင်း အိမ်ရှင်ဦးစိုးဝေ (၆၀ နှစ်) အပါအ၀င်၊ အလုပ်သမား ကိုထွန်းမြင့် (၄၃နှစ်)၊ ကိုအောင် (၁၈ နှစ်) နဲ့ ကိုအောင်ကို (၂၅ နှစ်) တို့ သံတိုင်တွေ စိုက်ထူကြစဉ် အထက်မှာ သွယ်တန်းထားတဲ့ လျှပ်စစ် ကြေးနန်းကြိုးနဲ့ ထိမိပြီး ၄ ဦး လုံး ဓာတ်လိုက်ခံရတာလို့ ဒေသခံ ကိုကျော်ငွေက ပြောပါတယ်။ သူတို့ကို မအူတိုက်နယ်ဆေးရုံကို ချက်ချင်းပို့ဆောင် ကုသခဲ့ပေမယ့် ကိုအောင်ကို တယောက်ပဲ အသက်ရှင်ကျန်ရစ်ပြီး ကျန်သုံးဦးစလုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တိုက်နယ်ဆရာဝန် ဒေါက်တာ ကျော်မျိုးက “ဓာတ်လိုက်တဲ့အတွက် ဒဏ်ရာတော့ မတွေ့ဘူးဗျ။ မနက် ၁၀ နာရီခွဲကျော်ကျော် လောက်မှာ အလောင်း ၃ လောင်းနဲ့ ဓာတ်လိုက်လူနာ ၁ ယောက်ရောက်ရှိလာပါတယ်။ ဓာတ်လိုက်တဲ့လူနာ ၁ ယောက်ကတော့ သက်သာပြီး ဆေးရုံက ဆင်းသွားပြီ” လို့ ပြောပါတယ်။ ဒီအမှုကို မအူတိုက်နယ်ရဲစခန်းက သေမှုသေခင်းအဖြစ် အမှုဖွင့် စစ်ဆေးနေတယ်လို့ ကိုကျော်ငွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024