Monday, May 29, 2023
HomeLead Storyအေစီမီလန် ကွင်းလယ်လူ ကတ်ဆီယယ်ကို ခေါ်ယူရန် မန်ယူအသင်း ပစ်မှတ်ထား

အေစီမီလန် ကွင်းလယ်လူ ကတ်ဆီယယ်ကို ခေါ်ယူရန် မန်ယူအသင်း ပစ်မှတ်ထား

မန်ချက်စတာယူနိုက်တက်အသင်းဟာ အေစီမီလန်ကွင်းလယ်လူ ကတ်ဆီယယ်ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

အီတလီက ဖော်ပြတဲ့သတင်းတွေအရ ကတ်ဆီယယ်ဟာ အခုနှစ်ရာသီ အကုန်မှာ အေစီမီလန်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့နိုင်တယ်လို့ ဆိုပါတယ်။

အသက်၂၄ နှစ်ရှိ အိုင်ဗရီကို့စ်ကွင်းလယ်လူ ကတ်ဆီယယ်ကို မန်ယူနိုက်တက်က ပေါ့ဘာရာနေရာမှာ အစားထိုးဖို့အတွက် ရည်ရွယ်ထားတယ်လို့လည်း အီတလီသတင်းစာ  လာဂတ်ဇက်တာ ဒယ်လို စပေါ့က ဖော်ပြပါတယ်။

အေစီမီလန်အသင်းဘက်ကတော့ ကီဆီယယ်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ကမ်းလှမ်းထားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ကစားသမားဘက်က တစ်နှစ်လုပ်ခ ယူရို ၈ သန်းရချင်တဲ့အတွက် လုပ်ခလစာနဲ့ ပတ်သက်ပြီး ဆက်ပြီး ညှိနှိုင်းရဖို့ရှိ နေပါတယ်။

ယူနိုက်တက်အသင်းအတွက်တော့ ကတ်ဆီယယ်ကို တစ်နှစ်လုပ်ခ ယူရို ၈ သန်း ပေးချေပြီး ခေါ်ယူသွားဖို့ အခက်အခဲမရှိနိုင်ဘူးလို့သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular