
ကချင်ပြည်နယ် ဖားကန့်မြို့ ဝါရာဇွပ်ကျေးရွာမှာ အောက်တိုဘာ ၁ ရက် ညနေပိုင်းက KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး လက် ကျည်ထိမှန်ခဲ့ပါတယ်။
တနိုင်းဘက်ကို တက်လ◌ာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ဝါရာဇွပ်ကျေးရွာအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ မိန်းကလေးငယ် လက်ကို ကျည်ထိမှန်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။
“လက်နက်ကြီး ၃ လုံးလောက် ရွာထဲကျတယ်။ တလုံးက ချောင်းစပ်မှာ ပေါက်တယ်။ တလုံးက အိမ်ခြံဝင်းထဲ ဝါးရုံပင်နားမှာ ပေါက်လို့ ဝပ်နေတဲ့ မဖောင်ရိုးကော့ လက်ကို ထိသွားတယ်” ဒေသခံတဦးက ပြောပါတယ်။
လက်နက်ကြီးကျည် အစမှန်ခဲ့တဲ့အတွက် ၁၁ နှစ်အရွယ် မဖောင်ရိုးကော့ဟာ ဘယ်လက်ချောင်း နှစ်ချောင်း ထိခိုက်ခဲ့ပါတယ်။
ဖားကန့်မြို့နယ်ထဲက ခွန်ဆိုင်ယန်ကျေးရွာမှာ စက်တင်ဘာ ၂၅ ရက်နေ့က KIA နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်လို့ ကျေးရွာပြည်သူ ၄၀၀ ကျော်ခန့်ဟာ လဝါးကျေးရွာက ဘုရားရှိခိုးကျောင်းတွေမှာ စစ်ဘေးရှောင်နေရပါတယ်။