မြစ်ကြီးနား ကညနရုံး လက်ပစ်ဗုံးဖြင့် ပစ်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှာ အောက်တိုဘာ ၁ ရက် မနက်ပိုင်း ၉ နာရီကျော်လောက်က  လက်ပစ်ဗုံးနဲ့ ပစ်ခံရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"ဗုံးဆိုတဲ့အသံကြားလိုက်‌တော့ ကားဘီးပေါက်တယ်လို့ထင်တာ။ နောက်မှ ကညနရုံးထဲ လက်ပစ်ဗုံးနဲ့ အပစ်ခံရတယ်လို့ ပြောကြတယ်။ လူကို ထိခိုက်သွားတာတော့ မရှိဘူး။ ရုံးပိုင်ပစ္စည်း‌ တချို့ ပျက်စီးသွားတယ်"လို့ မြစ်ကြီးနားမြို့ခံက ပြောပါတယ်။

ကချင်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီဘက်က ‌စက်တင်ဘာလကုန်လောက်ကစပြီး လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကို မတရားဖမ်းဆီးပြီး ငွေကြေးအဆမတန်နဲ့ ပြန်ရွေးခိုင်းလို့ ပြည်သူတွေမကျေနပ်လို့ ခုလို တုံ့ပြန်တာဖြစ်နိုင်တယ်လို့  မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

ကချင်ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက် ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ရှိနေပြီး အောက်တိုဘာလမှ စတင်ကာ စစ်ကောင်စီဘက်က လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို ဖမ်းဆီးမိန့်ထုတ်ပြန်ပြီးနောက် ကညနရုံး လက်ပစ်ဗုံးနဲ့ ပစ်ခံရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up