DVB Logo
Home
မြန်မာသတင်း
မြန်မာ အာဆီယံဥက္ကဋ္ဌအဖြစ် အစည်းအဝေးပေါင်း ၂၈၀ ကျော် ကျင်းပမည်
DVB
·
December 25, 2013
မြန်မာ အာဆီယံဥက္ကဋ္ဌအဖြစ် အစည်းအဝေးပေါင်း ၂၈၀ ကျော် ကျင်းပမည်
Donate to DVB

၂၀၁၄ ခုနှစ် မြန်မာအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူချိန်အတွင်း အာဆီယံထိပ်သီး အစည်းအဝေး ၂ ကြိမ် ကျင်းပပြုလုပ်ဖို့ အပါအ၀င် ဆက်စပ်အစည်းအဝေးပေါင်း ၂၈၀ ကျော် လက်ခံ ကျင်းပဖို့ လျာထားကြောင်း မြန်မာ့သတင်းစဉ်က စုံစမ်းသိရှိရပါတယ်။

[caption id="attachment_49138" align="alignright" width="300"]မြန်မာနိုင်ငံမှ အာဆီယံဥက္ကဌ နေရာအား လက်ခံရယူနေစဉ် မြန်မာနိုင်ငံမှ အာဆီယံဥက္ကဌ နေရာအား လက်ခံရယူနေစဉ်[/caption]၂၀၁၄ ခုနှစ် မေလနဲ့ အောက်တိုဘာလတို့မှာ ၂၄ ကြိမ်နဲ့ ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွေကို လက်ခံကျင်းပဖို့ရှိပြီး၊ ၂၀၁၄ ဇန်န၀ါရီနဲ့ သြဂုတ်လတို့မှာတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေပြုလုပ်ဖို့ လျာထားပါတယ်။

ဒီအစည်းအဝေးတွေနဲ့ ဆက်စပ်အစည်းအဝေးပေါင်း ၂၈၀ ကျော်ကို ဇန်န၀ါရီလကနေ ဒီဇင်ဘာလအထိ တနှစ်တာကာလအတွင်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အာဆီယံအစည်းအဝေးတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် မြန်မာအနေနဲ့ ထိပ်သီးအစည်း အဝေးတွေကျင်းပဖို့ အခုပြင်ဆင်ထားတာထက် ပိုပြီး အားထုတ်ဖို့ လိုနေသေးတယ်လို့ သမ္မတရဲ့ လူမှုစီးပွား အကြံပေးအဖွဲ့ခေါင်းဆောင် ဦးတင်ထွဋ်ဦးက ပြောပါတယ်။

“အာဆီယံ ထိပ်သီးညီလာခံနဲ့ ပတ်သက်လို့ ကျနော်တို့ အဘက်ဘက်က တာဝန်ကြီးပြီး တာဝန်ယူ ဆောင်ရွက်ရမှာပါ။ ဆောင်ရွက်တဲ့အခါမှာ အခုပြင်ဆင်ထားတာထက်ကို ပိုပြီး အားထုတ်ဖို့လိုပါတယ်။ ဒါတွေကိုလည်း လက်ရှိတာဝန်ရှိသူတွေကော အရင်အတွေ့အကြုံ ရှိသူတွေကော ၀ိုင်းဝန်းပြီး လုပ်ဖို့လိုပါတယ်။”

အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဇန်န၀ါရီလအတွင်း ၃၆ ကြိမ်၊ ဖေဖော်ဝါရီလအတွင်း ၁၁ ကြိမ်၊ မတ်လထဲ အကြိမ် ၈၀၊ ဧပြီ အကြိမ် ၂၀၊ မေ ၁၃၊ ဇွန် ၁၂၊ ဇူလိုင် ၂၆၊ သြဂုတ် ၂၇၊ စက်တင်ဘာ ၁၁၊ အောက်တိုဘာ ၁၇ ကြိမ်နဲ့ ဒီဇင်ဘာလထဲ ၂၅ ကြိမ်ကျင်းပဖို့ လျာထားပါတယ်။

အာဆီယံ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက တာဝန်ယူကျင်းပမယ့် ပထမဆုံး အစည်းအဝေးကတော့ ဇန်န၀ါရီလ ၁၅ ကနေ ၁၈ ရက်နေ့ထိ ပုဂံမှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းနိုင်ငံထံက ပြီးခဲ့တဲ့ နှစ်ထဲ လွှဲပြောင်းရယူခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌ တာဝန်ကို ပထမဆုံး လက်ခံကျင်းပခွင့်ရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013