စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဇလုပ်အဝိုင်းပတ်ရှိတဲ့ စစ်ဆေးဂိတ်မှာ အောက်တိုဘာ ၁ ရက်နေ့ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အနီးပတ်ဝန်းကျင်ပြည်သူတစ်ဦးက “မုံရွာမြို့ ဇလုပ်အဝိုင်းရှိ စစ်ဆေးဂိတ်မှာ မနက် ၈ နာရီလောက် ဗုံးပေါက်ကွဲသွားတယ်၊ အဲဒီရှိတဲ့ ရဲ ၂ ယောက်သေဆုံးသွားတယ်” လို့ ပြောပါတယ်။
မုံရွာမြို့ ဇလုပ်ဝိုင်းဖောက်ခွဲမှုကို Monywa The Boy နဲ့ Monywa UG တို့ ပူးပေါင်းပြီး ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။
ဖောက်ခွဲမှုပြုလုပ်ပြီး မကြာခင် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာနဲ့ ပိတ်ဆို့ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။