Home
မြန်မာသတင်း
စက်တင်ဘာလအတွင်း စစ်သားနှင့်ရဲတပ်ဖွဲ့ဝင် ၁၀ ဦး CNDF ထံ အလင်းဝင်
DVB
·
October 1, 2021
242410957_3088772778046427_7967572750201788333_n

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ဆီ စက်တင်ဘာလအတွင်း စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး CDM လုပ်ပြီး အလင်းဝင်လာတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင် ၈ ဦးနဲ့ စစ်သား ၂ ဦး အလင်းဝင်လာတာလို့ CNDF က စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၃၀ ရက်က ဖလမ်းမြို့ ခလရ (၂၆၈) တပ်ရင်းမှ တပ်သား ၁ ဦး၊ သီးဘွာလ် တပ်စခန်းမှ တပ်ကြပ်ကြီး ၁ ဦးနဲ့ ရဲတပ်ကြပ်ကြီး ၁ ဦးတို့ဟာ လက်နက်အပြည့်စုံနဲ့ အလင်းဝင်လာကြပြီး သူတို့ကို CNO/CNDF က ဆုငွေတွေ ချီးမြှင့်ကာ လုံခြုံတဲ့နေရာကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့ စစ်သား နဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့  နီးစပ်ရာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်ပြီး ပြည်သူနဲ့အတူတကွ ရပ်တည်ကြဖို့ကိုလည်း  CNO/CNDF က ထပ်မံတိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024