Wednesday, May 31, 2023
HomeLead Storyထီးချိုင့်မြို့နယ်က စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၉ ဦး နုတ်ထွက်

ထီးချိုင့်မြို့နယ်က စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၉ ဦး နုတ်ထွက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်စာ တင်နေကြပြီး စက်တင်ဘာ ၃၀ ရက်နေ့အထိ နုတ်ထွက်စာ တင်ထားသူ ၁၉ ဦး ရှိပြီလို့ ထီးချိုင့်မြို့နယ်အတွင်း နေထိုင်သူတွေဆီက သိရပါတယ်။

ထီးချိုင့်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၃၃ စုရှိတဲ့အနက် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ  ထီးချိုင့်မြို့နယ် PDF က စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြဖို့ သတိပေးခဲ့တဲ့နောက် အခုလို အုပ်ချုပ်ရေးမှူး အများအပြား ဒီလကုန်ပိုင်းမှာ နုတ်ထွက်စာ တင်လာကြတာလို့ သိရပါတယ်။

ထီးချိုင့် နယ်ခံတစ်ဦးက “ထီးချိုင့်မြို့နယ် PDF အဖွဲ့က သူတို့ တရားဝင် page ကနေ သတိပေးထားတာက ဒီလ ၃၀ ရက် နောက်ဆုံးထားပြီး အုပ်ကြီးတွေ နုတ်ထွက်ကြဖို့ပေါ့လေ၊ အဲ့လို ကြေညာထားတော့ နီးလာတော့ အစုလိုက် အပြုံလိုက် ထွက်ကြတာပေါ့လေ” လို့ ပြောပါတယ်။

နုတ်ထွက်ကြတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့  ရေဝ၊ နီတာ၊ ကြက်တကောင်၊ စစ်တန်း၊ အောင်ဇေယျာရပ်ကွက်၊ ဇီးသောင်၊ ဆပ်ကျ၊ ကျောက်မှော်၊ ကျက်သရေချောင်း၊ ကွင်းကြီး၊ ဆင်ဖြူဆိပ်၊ ပေါက်နက်၊ ကမ်းနီ၊ မရသိမ်၊ ချိပ်သင်၊ ကွမ်းဘောင်၊ လေသာကုန်း၊ ဂွေးပင်ချောင်း၊ ချွန်းတောင် စတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း အတွင်းမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ၊ KIA တပ်ဖွဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေနဲ့ နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်ပွားနေကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular