မြောင်မြို့နယ်က ဘဏ်ချေးငွေပြန်ဆပ်မည့်သူများကို မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ သတိပေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ကျေးရွာတွေမှာ ဘဏ်ချေးငွေ ပြန်လည်ပေးဆပ်ဖို့ လုပ်ဆောင်နေသူတွေကို မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့က စက်တင်ဘာ ၃၀ ရက်က သတိပေးလိုက်ပါတယ်။

“ပြည်သူများ စားဝတ်နေရေး ကျပ်တည်းပြီး အခက်အခဲဖြစ်နေချိန် ဘဏ်ချေးငွေပြန်လည်ပေးဆပ်ဖို့ လုပ်ဆောင်သူတွေအနေနဲ့ ပြည်သူကို သတ်ဖြတ်ဖို့အတွက် အကြမ်းဖက်စစ်ကောင်စီကို ကျည်ဆန်ဖိုး သင်ပေးတော့မှာလား၊ ရိက္ခာပြတ်လပ်နေသော စခများ ကျေးရွာတွေ ဖျက်ဆီး၊ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ပြီး ရိက္ခာများ သယ်ဆောင်နေတာ မမြင်လေရော့သလား၊ ခင်များတို့အိမ်/မိသားစု မဟုတ်သေးလိုလား၊ ခင်များခံယူချက်က ကောက်ရိုးမီးပဲလား၊ အထက်ပါမေးခွန်များကို သေချာစဉ်းစားပါ” ဆိုပြီး သတိပေးချက်မှာ ဖော်ပြထားပါတယ်။

မြောင်မြို့နယ်မှာ ဘဏ်ချေးငွေပြန်လည်ပေးဆပ်ဖို့ လုပ်ဆောင်နေသူတွေကို စစ်ကောင်စီ အလိုတော်ရိတွေအဖြစ် ကြေညာပြီး အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြုတ်သလို ချေမှုန်း သွားမယ်လို့ သတိပေးထားပါတယ်။

ဒါအပြင် ချေငွေအတင်းအဓမ္မ တောင်းခံနေတာကို ရပ်တန်းက ရပ်ဖို့နဲ့ ချေးငွေဆပ်သူနဲ့ လိုက်လံကောက်ခံသူတွေရဲ့ အသက်အတွက် အာမမခံကြောင်း၊ ပြည်သူတွေအနေနဲ့ ချေငွေအတင်းအဓမ္မ တောင်းနေတာကို သိရှိကြဖို့ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ကို သတင်းပေးဖို့ ဖော်ပြထားပါတယ်။

မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ကို  သတင်းပေးသူတွေရဲံ လုံခြုံရေးအတွက် အပြည့်အဝ တာဝန်ယူမှာဖြစ်ပြီး ပြည်သူနဲ့အတူ စစ်ကောင်စီ အလိုတော်ရိတွေကို အမြစ်ဖြုတ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up