DVB Logo
Home
Lead Story
မြန်မာနိုင်ငံမှာ နိုင်ငံပေါင်း ၃၃ နိုင်ငံက မိုဘိုင်းဖုန်း သုံးနိုင်မည်
DVB
·
December 25, 2013
မြန်မာနိုင်ငံမှာ နိုင်ငံပေါင်း ၃၃ နိုင်ငံက မိုဘိုင်းဖုန်း သုံးနိုင်မည်
Donate to DVB

မြန်မာ့ဆက်သွယ်ရေးဟာ နိုင်ငံပေါင်း ၃၃ နိုင်ငံက မိုဘိုင်းဖုန်း အသုံးပြုသူတွေ မြန်မာနိုင်ငံမှာ လာပြီး အသုံးပြုနိုင်ဖို့ ပြင်သစ်နိုင်ငံ Orange ကုမ္ပဏီနဲ့ International Roaming Service Agreement စာချုပ်ချုပ်ဆိုခဲ့ပြီလို့ ထုတ်ပြန်ကြေငြာပါတယ်။

[caption id="attachment_49127" align="alignright" width="300"]Photo by Reuters Photo by Reuters[/caption]ဒီဇင်ဘာ ၂၀ ရက်နေ့က ချုပ်ဆိုခဲ့တဲ့ အဲဒီ စာချုပ်မှာ ပထမအဆင့်အနေနဲ့ အာဆီယံ အပါအ၀င် နိုင်ငံပေါင်း ၃၃ နိုင်ငံက အော်ပရေတာ ၆၄ ဦးက ၀န်ဆောင်မှု ပေးနေတဲ့ မိုဘိုင်းဖုန်း တွေ မြန်မာနိုင်ငံထဲ ယူလာတဲ့အခါ International Roaming စနစ်ကို ၀န်ဆောင်မှုပေးဖို့ အောရင့်ကုမ္ပဏီက အကောင်အထည်ဖော်ပေးရမှာ ဖြစ်ပါတယ်။

အဲဒီ စနစ် တည်ဆောက်ပြီးသွားရင် ၃၃ နိုင်ငံက ပြည်သူတွေ သူတို့ဖုန်းနဲ့ မြန်မာနိုင်ငံထဲမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

မြန်မာဖုန်းတွေ နိုင်ငံခြားမှာ သွားသုံးနိုင်ဖို့ကိုတော့ စမ်းသပ်နေတဲ့အဆင့်ပဲ ရှိသေးတဲ့ အကြောင်း ဆက်သွယ်ရေးက ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013