နိုင်ဂျီးရီးယားနိုင်ငံ စီတန်းလှည့်လည်ပွဲအတွင်း ပစ်ခတ်မှုကြောင့် ၁၀ ဦးခန့် သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံမြို့တော် အဘူဂျာမှာ စက်တင်ဘာ ၂၈ ရက်က တားမြစ်ပိတ်ပင်ခံ ရှီးယိုက် မွတ်စလင်အုပ်စုတစုရဲ့ စီတန်းလှည့်လည်ပွဲ ပစ်ခတ်မှုတွေကြောင့် ၁၀ ယောက်လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စီတန်းလှည့်လည်သူတွေကို သတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်ကို ရဲတပ်ဖွဲ့က ငြင်းပေမယ့် မျက်မြင်သက်သေတွေထဲက တယောက်ကတော့ လူ ဆယ်ယောက်လောက် သေဆုံးတယ်လို့  ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အားဘိုင်ဘာသသာရေးဝတ်ပြုပွဲ အထိမ်းအမှတ် စီတန်း လှည့်လည်ပွဲမှာ ပါဝင်သူ ရှီးယိုက် မွတ်စလင် ဆယ်ယောက်လောက်ကို အသေပစ်သတ်ခဲ့တယ်လို့ နိုင်ဂျီးရီးယားအစ္စလာမစ်လှုပ်ရှားမှု (IMN) ရဲ့ အဖွဲ့ဝင် တယောက်ကလည်း ဆိုပါတယ်။

  တခြားအုပ်စုဝင်တွေကတော့ လူ ၈ ယောက် သေဆုံးတယ်လို့ ပြောပါတယ်။

  အဘူဂျာ- ကူဘွာ အဝေးပြေးလမ်းတယောက် ယာဉ်မောင်းတွေကို မလိုလားအပ်ဘဲ အနှောင့်အယှက် ဖြစ်စေတဲ့ IMN အဖွဲ့ဝင်တွေကို ဟန့်တားဖို့ အရေးယူခဲ့တာလို့ အဘူဂျာမြို့တော် ရဲတပ်ဖွဲ့က ပြောပါတယ်။

  IMN ခေါင်းဆောင်အား ဖမ်းဆီးတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအပြီး အစိုးရက IMN အဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။

  အရင်တုန်းက IMN ရဲ့ ပွဲတွေကိုလည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ဖူးတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

More News
Up