ပုသိမ်ကြီးမြို့နယ်၌ ဂျင်ဝိုင်းကို စစ်တပ်က ဝင်ရောက် ပစ်ခတ်ဖမ်းဆီးစဉ် ၂ ဦးသေဆုံး

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာနဲ့ ၆ မိုင်လောက်အကွာက  သရက်ခြံကို စက်တင်ဘာ ၂၉ ရက် နေ့လယ် ၂ နာရီက PDF အဖွဲ့ဝင် ရှိတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီနင်းခဲ့ရာ ဂျင်ဝိုင်းတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဂျင်ဝိုင်းက လူတွေက ပြန်ခုခံတဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ အမျိုးသား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ ရဲမှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ပစ်ခတ်မှုကြောင့် ထွက်ပြေးသွားသူတွေရှိပြီး လေးကောင်ဂျင် လောင်းကစား လုပ်တဲ့ ပစ္စည်းတွေနဲ့အတူ လူ ၁၂ ယောက် ဖမ်းဆီးရမိခဲ့ကာ အမှုဖွင့် အရေးယူဖို့ လုပ်နေတယ်လို့ သိရပါတယ်။

More News
Up