
စစ်ကိုင်းတိုင်း ခန္တီးမြို့ပေါ်က မိုင်းရပ်ကွက် ထွေ/အုပ်ဝန်ထမ်းအိမ်ရာနားမှာ စက်တင်ဘာ ၃၀ ရက် မနက် ၇ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
အခုလို ပေါက်ကွဲမှုဖြစ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတချို့က ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး မကြာခင်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ရောက်လာပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
ထွေ/အုပ်ဝန်ထမ်းအိမ်ရာနား ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။
စစ်ကိုင်းတိုင်း ခန္တီးမြို့ ကမ်းနားလမ်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့ မနက်ပိုင်းကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။