Live
Home
မြန်မာသတင်း
ယုဇနဥယျာဥ်တွင် စစ်ကား ဗုံးခွဲခံရသဖြင့် ၂ ဦးသေဆုံး၊ ပရဟိတလူငယ်အချို့ ဖမ်းဆီးခံရ
DVB
·
September 30, 2021

ယုဇနဥယျာဥ်မြို့တော်မှာ စက်တင်ဘာလ ၂၉ ရက်နေ့ညပိုင်းက အကြမ်းဖက်စစ်အုပ်စုကား ဗုံးခွဲခံခဲ့ရလို့ ၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး နာရေးကူညီမှုအသင်းက လူငယ်အချို့ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ယုဇနဥယျာဥ်မြို့တော် ၁၄ လမ်း အေဘီကြားမှာ အကြမ်းဖက်စစ်အုပ်စုကားကို ည ၉ နာရီခွဲလောက် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး မိနစ်ပိုင်းအကြာမှာ လူနာတင်ကား ၂ စီးရောက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သား  သေဆုံးသူ အနည်းဆုံး ၂ ဦး လောက်ရှိနိုင်ပြီး ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတဲ့ နေရာကို အကြမ်းဖက်စစ်အုပ်စုရဲ့တပ်သားတွေ ထပ်ရောက်လာပြီး ပတ်ဝန်ကျင်ကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့သလို ၆ လမ်း ဘီကိုဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ပြီး နာရေးကူညီးရေးအသင်းက လူငယ်တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

တောင်ဒဂုံမြို့နယ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုကား မိုင်းခွဲတိုက်ခိုက်ခံခဲ့ရလို့ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ပါသေးတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024