DVB Logo
Home
Lead Story
ဘီယာမှောင်ခို ၀င်ရောက်မှု များနေ
DVB
·
December 25, 2013
ဘီယာမှောင်ခို ၀င်ရောက်မှု များနေ
Donate to DVB

အစိုးရအနေနဲ့ နိုင်ငံခြားကနေ အရက်၊ ဘီယာ၊ ၀ိုင်နဲ့ စီးကရက် တင်သွင်းခွင့် လုံးဝ ပိတ်ပင်ထားပေမယ့် ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲကို တင်သွင်းတဲ့ ၂၀၁၃ ဇူလိုင် ၁ လတည်းရဲ့ ပမာဏ ဒေါ်လာ ၇ သန်းကျော် ရှိနေတာကို ကြည့်ခြင်းအားဖြင့် မှောင်ခိုဝင်ရောက်မှု ပမာဏ အလွန်များနေတာကို တွေ့ရမှာဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ မှတ်ပုံတင်မှုဦးစီးဌာန ညွှန်ချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ်။

Mobile Team 2ရန်ကုန် ရင်းနှီးမြှုပ်နှံမှုကော်မရှင် ရုံးခွဲမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာပါ။

ခုလို မှောင်ခို ပမာဏ အများအပြား ၀င်ရောက်နေပေမယ့် အရက်နဲ့ ဘီယာ တင်သွင်းခွင့် ပိတ်ထားတာကို ဖွင့်ပေးပြီး တရားဝင် တင်သွင်းခွင့်ပေးမယ်၊ မပေးဘူး သူက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ကောက်ယူထားတဲ့ စစ်တမ်းတွေအရ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ဘီယာ သောက်သုံးနိုင်မှုပမာဏ လီတာ သန်း ၄၀ လောက်ရှိပြီး စစ်တပ်ပိုင် စက်ရုံတွေက ထုတ်လုပ်နိုင်တဲ့ ပမာဏဟာ လီတာ သန်း ၂၀ လောက်ပဲ ရှိတာကြောင့် ကျန်တာတွေအားလုံး မှောင်ခို ဈေးကွက်ကပဲ ဖြစ်မယ်လို့ သူက သုံးသပ် ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013