DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပြီးခဲ့သည့်နှစ်ထက် မြင့်တက်
DVB
·
December 25, 2013
နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပြီးခဲ့သည့်နှစ်ထက် မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏာဟာ အခုဘဏ္ဍာရေးနှစ်ရဲ့ ၈ လတာကာလအထိ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံ ရှိပြီး ဖြစ်လို့ ပြီးခဲ့တဲ့ ဘဏ္ဍာရေးတနှစ်လုံးရဲ့ ပမာဏထက် ကျော်လွန်သွားပြီလို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

[caption id="attachment_32551" align="alignright" width="300"]လှိုင်သာယာအထည်ချုပ်စက်ရုံက အထည်ချုပ်အလုပ်သမားများ (ဓာတ်ပုံ - ရိုက်တာ) လှိုင်သာယာအထည်ချုပ်စက်ရုံက အထည်ချုပ်အလုပ်သမားများ (ဓာတ်ပုံ - ရိုက်တာ)[/caption]အစိုးရရဲ့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ လက်ရှိ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ပြည်ပနိုင်ငံအသီးသီးရဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏက ယခု ဘဏ္ဍာရေးနှစ်ရဲ့ ဧပြီ ၁ ရက်ကနေ နိုဝင်ဘာ နောက်ဆုံးရက်အထိ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံ ရရှိထားတာ ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၂ - ၁၃ ဘဏ္ဍာရေးနှစ် ကာလတခုလုံးရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကို ကျော်လွန်ပြီး အမေရိကန်ဒေါ်လာ ၀ ဒဿမ ၄ ဘီလီယံ ပိုမို ရရှိထားတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အခုလို တိုးတက်လာတဲ့အပေါ် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဒီဗွီဘီကို ခုလို ပြောပါတယ်။

“အဓိက နံပါတ် ၁ အချက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေက အသစ်ထွက်သွားတယ်။ ဒုတိယအချက်က ဘာလဲဆိုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ မူဝါဒကလည်း အတားအဆီးတွေ အခက်အခဲတွေ မှန်သမျှကို ဖြေလျော့ပေးလိုက်တယ်။ တတိယ ထူးခြားချက်က ဘာလဲဆိုတော့ မြန်မာနိုင်ငံက အီးယူ စီးပွားရေးပိတ်ဆို့မှု လွတ်သွားတယ်။ စီးပွားရေးပိတ်ဆို့မှု လွတ်သွားတဲ့အတွက် အီးယူဘက် ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ဝင်လာတယ်။ နောက်တခုက အမေရိကန်ဘက်ကလည်း ဖြေလျော့မှုတွေ ရှိလာတယ်။ ငွေကြေးလွှဲပြောင်းမှုတွေက အစ မြန်မာပြည်ရဲ့ ပို့ကုန်တွေကို ဖြေလျော့မှုတွေ ပေးလိုက်တယ်။ အဲဒါကလည်း ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့အတွက် အကြောင်းတရပ်ဖြစ်တယ်။ ”

ယခု ဘဏ္ဍာရေးနှစ်မှာ ၀င်ရောက်လာတဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ၈၀ ရာခိုင်နှုန်းက ကုန်ထုတ်လုပ်မှုကဏ္ဍအပေါ်မှာ ရင်းနှီးမြှုပ်နှံထားတာဖြစ်လို့ ဒါက နှစ်ပေါင်း ၂၅ နှစ်အကြာမှာ ထူးခြားတဲ့ ဖြစ်စဉ်တခုဖြစ်ပါတယ်။

ခုလို ကုန်ထုတ်လုပ်မှုကဏ္ဍအပေါ် ရင်းနှီးမြှုပ်နှံမှုတွေ များစွာ ၀င်ရောက်လာတဲ့အတွက် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခဲ့တဲ့တယ်လို့ ဦးအောင်နိုင်ဦးက လည်း ပြောပါတယ်။

“ရင်းနှီးမြှုပ်နှံမှုတွေ များတဲ့ နိုင်ငံတွေကတော့ အရှေ့အာရှနိုင်ငံတွေဖြစ်တဲ့ ကိုရီးယား၊ ဟောင်ကောင်၊ ဂျပန်၊ တရုတ် စတဲ့ နိုင်ငံတွေ အ၀င်များပါတယ်။ အထည်ချုပ်စက်ရုံတရုံ ပေးလိုက်ရင် လူ ၁ ထောင်လောက် အလုပ်ရတယ်။ ဒီအပတ်မှာ အထည်ချုပ်စက်ရုံပေးတာ ၂၀ ကျော်သွားပြီ အဲဒါတော့ အကြမ်းမျဉ်းပြောရရင် လူ ၂ သောင်းလောက် အလုပ်အကိုင် ဖန်တီးပေးလိုက်ပြီ။ အထည်ချုပ်စက်ရုံက ဖွင့်ဖို့ သိပ်အကြာကြီး မစောင့်ရဘူး။ စပြီး ဖောင်ဒေးရှင်းချကတည်းက ၆ လအတွင်း စက်ရုံစလည်နိုင်တယ်။ အခုအနေအထားအရ ကျနော်တို့တိုင်းပြည် ရင်းနှီးမြှုပ်နှံမှု ၀င်တာ ကောင်းပါတယ်။ ”

ပြည်ပနိုင်ငံတွေက မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ရှိတာကြောင့် ယခု ၂၀၁၃ - ၁၄ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါးထိ ရရှိဖို့ လည်း အစိုးရက မျှော်မှန်းနေထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013