Home
မြန်မာသတင်း
“တော်လှန်မီးတောက် အားကောင်းဖို့ CDM ကို ထောက်ပံ့စို့” လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်း
DVB
·
September 29, 2021
242821126_209120454617628_6153534523116318886_n (1)

ထားဝယ်တခရိုင်လုံး အတိုင်းအတာနဲ့ “တော်လှန်မီးတောက် အားကောင်းဖို့ CDM ကို ထောက်ပံ့စို့” လှုပ်ရှားမှုမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့     ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်) က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

စစ်အာဏာရှင်စနစ်တော်လှန်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းကောင်းတွေအနေနဲ့ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ လုံလောက်တဲ့ အထောက်အပံ့များမရရှိတာ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီးဖိနှိပ်မှုတွေကြောင့် အခက်အခဲများစွာကြုံနေကြရပါတယ်။

CDM လှုပ်ရှားမှု အားနည်းလာပြီး စစ်ကောင်စီ ယန္တရားလည်ပတ်သွားနိုင်ပါက တော်လှန်ရေးဟာ အင်အားနုံးချည့် အားပျော့လာမှာဖြစ်ပြီး နိုင်ငံအချို့မှလည်း အကြမ်းဖက်စစ်ကောင်စီအား တရားဝင်အစိုးရအဖြစ် အသိမှတ်ပြုလက်ခံလာနိုင်ဖွယ်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် CDM လှုပ်ရှားမှုများ မယိမ်းယိုင်ဘဲ ပိုမိုအားကောင်းလာစေဖို့ NUG အစိုးရနဲ့အတူ ပြည်သူလူထုတစ်ရပ်လုံးကလည်း CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကာ စစ်အာဏာရှင်စနစ်အား ရဲရဲတောက် တော်လှန်နေကြတဲ့ ပြည်သူ့ဝန်ထမ်းကောင်းတွေကို ဆက်လက်ပြီး ဝိုင်းဝန်းကူညီပေးကြဖို့ အင်မတန်အရေးကြီးတယ်လို့ ဆိုပါတယ်။

ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူလူထုအနေနဲ့ စက်တင်ဘာလ ၃၀ ရက်မှာ ပြုလုပ်မယ့် “တော်လှန်မီးတောက် အားကောင်းဖို့ CDM ကို ထောက်ပံ့စို့” လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပေးကြပါဖို့နဲံ CDM ဝန်ထမ်းတွေကိုလည်း တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီပေးကြဖို့  ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်) က တိုက်တွန်းထားပါတယ်။

ဒီလှုပ်ရှားမှုမှာ ပါဝင်မယ့် ပြည်သူတွေအနေနဲ့ နီးစပ်ရာ သပိတ်စစ်ကြောင်းတွေမျာ ပူးပေါင်းပါဝင်တာ၊ သပိတ်စစ်ကြောင်းတေါကို ဝန်းရံစောင့်ရှောက်ပေးတာနဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်ကနေ CDM လှုပ်ရှားမှုတွေကို ကြိုဆိုထောက်ခံကြောင်းပြသဖို့နဲံ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းကောင်းတွေကို ဝိုင်းဝန်ကူညီပေးကြဖို့ လှုံ့ဆော် တိုက်တွန်းထားပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံး၊ ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း စတဲ့မြို့နယ်တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ဆိုသလို ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024