ထိုင်းတောင်ပိုင်းတွင် ဗုံးကွဲ၊ ရဲအရာရှိ ၂ ဦးသေဆုံး

7K
ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပ်ခရိုင် ဂျနေးမြို့နယ်မှာ စက်တင်ဘာ ၂၈ ရက်မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲပြီး ရဲအရာရှိ ၂ ယောက်သေဆုံးကာ ၄ ယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်း Khaosod သတင်းမှာဖော်ပြပါတယ်။
အဆိုပါ ဗုံးကွဲမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးရမိသူမရှိသေးဘဲ ခွဲထွက်ရေးသမားတွေရဲ့လက်ချက်လို့ ထိုင်းရဲတွေက ယုံကြည်ထားပါတယ်။
Photo- Khaosod