အရာတော်မြို့နယ်တွင် ဦးပဉ္စင်း ၁ ပါးကို စစ်တပ်က အကြောင်းမဲ့ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကြွေပုဂံကျေးရွာက ကြွေပုဂံတောကျောင်းနေ ဦးပဉ္စင်း တပါးကို စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ စစ်တပ်က ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“ကြွေပုဂံရွာကို ဝင်‌ရောက်စီးနင်းစဉ်က ဦးပဉ္စင်းကို မြင်ဖူးထားပုံရတယ်။ အရပ်ဝတ် စစ်သားတစ်ယောက်က ဖုန်းဆက်ပြီး ဖမ်းခိုင်းတာ ဖမ်းသွားကြတယ်။ ဦးပဉ္စင်းနဲ့အတူပါလာတဲ့ ကပ္ပိယကို ထားခဲ့ပြီး ဦးပဉ္စင်းကိုပဲ ဖမ်းခေါ်သွားကြတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ဦးပဉ္စင်းနဲ့ ကပ္ပိယတို့ဟာ ဆိုင်ကယ်လာရောက်ပြုပြင်ကြစဉ် ဖမ်းဆီးခံရတာဖြစ်ပြီး ဦးပဉ္စင်းရဲ့ ဘွဲ့တော်နဲ့ ဝါတော်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ 

ဩဂုတ် ၂၅ ရက်‌ကလည်း ကြွေပုဂံရွာကို စစ်တပ်ဝင်စီးစဉ်က ရွာသူရွာသားတွေနဲ့ ဘုန်းကြီးနှစ်ပါးပါ ဖမ်းဆီးသွားပြီး အရာတော်စစ်တပ်ထဲ ခေါ်သွားပြီး နေပူထဲ ဒူးထောက် နေလှန်းခဲ့တယ်လို့ သိရပါတယ်။

More News
Up