မနေ့ညက ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အနိုင်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး မက်ဆီကို ပွဲချိန်ပြည့်ထိန်းနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ကြိုတင်သိရှိပြီးသားဖြစ်တယ်လို့ နည်းပြ ဂွါဒီယိုလာက ချီးကျူးပါတယ်။
မက်ဆီဟာ ဆရာဟောင်း ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ပြန်လည်တွေ့ဆုံချိန်မှာ အနိုင်ဂိုး ၁ ဂိုးသွင်းခဲ့ပြီး အသင်းကလည်း ၂ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ မက်ဆီက ဂိုးဧရိယာထဲ ဆွဲပြေးလာမယ်ဆိုရင် ရပ်တန့်နိုင်ဖို့ မဖြစ်နိုင်မှန်းကို သိထားပြီး သူ့လို မဟာပါရမီရှင်ကို မိနစ် ၉၀ အပြည့်ထိန်းနိုင်မှာ မဟုတ်ဘူး ဆိုတာတာလည်း ပွဲမတိုင်ခင်ကတည်းက ပြောခဲ့ပြီးသားဖြစ်တယ်လို့ ဂွါဒီယိုလာက ချီးကျူးခဲ့တာပါ။
ပီအက်စ်ဂျီနဲ့ပွဲမှာ အကောင်းဆုံးနည်းလမ်းက ခံစစ်ကို ပွဲချိန်ပြည့်သတိထားရမှာ ဖြစ်သလို ဘောလုံးနဲ့အတူ ကိုယ့်ကစားကွက်အတိုင်း ကစားဖို့ ကြိုးပမ်းရမှာဖြစ်ကြောင်း၊ စီးတီးအနေနဲ့ ကိုယ့်ကစားကွက်အတိုင်း ကစားခဲ့ပြီး တိုက်စစ်ကို တင်ကစားနိုင်ခဲ့ကြောင်းလည်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
မက်ဆီကတော့ အသင်းဖော်သစ်တွေနဲ့အတူအသားကျဖို့ ကြိုးစားနေဆဲဖြစ်ကြောင်း၊ အတူတကွ ခြေစွမ်တိုးတက်လာဖို့လိုအပ်ပြီး ခြေစွမ်းကောင်းကို ဆက်ထိန်းနိုင်ဖို့လိုကြောင်း၊ မန်စီးတီးလို ပြိုင်ဘက်ကောင်းကို အနိုင်ရခဲ့လို့ ပျော်ရွှင်ကြောင်း မက်ဆီက ပြောခဲ့ပါတယ်။