လှိုင်သာယာ ယာဉ်ထိန်းရဲရုံး ဗုံးဖောက်ခွဲခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (BOC) လမ်းဆုံက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေ့စဉ်လုံခြုံရေးယူထားတဲ့ ယာဉ်ထိန်းရဲရုံးမှာ စက်တင်ဘာ ၂၉ ရက် ဒီနေ့မနက် ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက် ၇ နာရီလောက်က အသံအကျယ်ကြီး ပေါက်သံကြားလိုက်တယ်။ BOC လမ်းဆုံက ယာဥ်ထိန်းရဲရုံမှာ ဗုံးပေါက်တာတဲ့။ လူထိခိုက်မှုတော့ မရှိဘူးကြားတယ်” လို့ ​မြို့ခံတစ်ဦးက ပြောပါတယ်။

ဗုံးဖောက်ခံရတဲ့ ယာဥ်ထိန်းရုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေ့တိုင်း လုံခြုံရေးယူနေတယ်လို့ သိရပါတယ်။

လှိုင်သာယာ ယာဥ်ထိန်းရုံးကို ဗုံး ၂ လုံး ဖောက်ခွဲခဲ့ပေမယ့် ၁ လုံးသာ ပေါက်ကွဲပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေအဓိကရှိတဲ့နေရာက ၁ လုံး မပေါက်ကွဲခဲ့ဘူးလို့ ဖောက်ခွဲခဲ့တဲ့ CGF-HTY အဖွဲ့ဆီက သိရပါတယ်။

More News
Up