ဆားလင်းကြီးတွင် စစ်​ကောင်စီယာဉ် ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ​ချောက်တင်းကျ​ကျေးရွာအနီးမှာ စက်တာဘာ ၂၉ ရက် မနက်ပိုင်းက စစ်​ကောင်စီယာဉ် ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

စက်တာဘာ ၂၉ ရက် မနက် ၉ နာရီ​လောက်က မုံရွာ-ပုသိမ် ကားလမ်းအတိုင်း ​မောင်းနှင်လာတဲ့ စစ်​ကောင်စီတပ်ဖွဲ့ယာဉ် ၃ စီးဟာ မြန်မာ-ဝမ်​ပေါင် ကုမ္ပဏီလုပ်ကွက်နဲ့ ဆားလင်းကြီးမြို့အကြား ​ချောက်တင်းကျ ​ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ ဒေသခံ တစ်ဦးက ​ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ဒေသခံ PDF အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ကား ၃ စီးလုံးမှာ စစ်​ကောင်စီတပ်သား အပြည့်တင်​ဆောင်လာတာဖြစ်သလို ကားအားလုံး မိုင်းထိမှန်ခဲ့တာ​ကြောင့် အ​သေ​ပျောက်များနိုင်​တယ်လို့ ဆိုပါတယ်။

အဲဒီ မိုင်းထိမှန်တဲ့ စစ်​ကောင်စီကား​တွေဟာ ဘယ်​ဒေသကိုသွားမယ်ဆိုတာ မသိသလို ​သေဆုံးထိခိုက် အ​ရေအတွက်စာရင်းကိုလည်း မသိရ​သေးဘူးလို့ ဒေသခံက ပြောပါတယ်။

More News
Up