ထိုင်းအစိုးရက လာမည့် ဘဏ္ဍာရေးနှစ်တွင် ဘတ် ၁ ဒသမ ၃ ထရီလီယံထုတ်ချေးသွားမည်

ထိုင်းအစိုးရက လာမယ့် အောက်တိုဘာလမှာ စတင်မယ့် ဘဏ္ဍာရေးနှစ်အတွက် ဘတ် ၁ ဒသမ ၃ ထရီလီယံ ထုတ်ချေးသွားမယ်လို့ စက်တင်ဘာ ၂၈ ရက်က အတည်ပြုလိုက်ပါတယ်။

ဒီချေးငွေအစီအစဉ်သစ်ဟာ အစိုးရအဖွဲ့က အတည်ပြုထားတဲ့ ကြွေးမြီစီမံခန့်ခွဲမှုအစီအ စဉ်အောက်ရှိမှာဖြစ်ပြီး ဒီအစီအစဉ်မှာ အစိုးက ထုတ်ချေးထားပြီးဖြစ်တဲ့ ဘတ် ၁ ဒသမ ၅ ထရီလီယံနဲ့ ၂၀၂၂ ခုနှစ်မှာ ပြန်ဆပ်ရမယ့် အစီအစဉ် စုစုပေါင်းဘတ် ၃၃၉ ဒသမ ၂၉ ဘီလီယံ ရှိမယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

ဒါကြောင့်မို့ ထိုင်းနိုင်ငံ ပြည်သူလူထုရဲ့ ကြွေးမြီဟာ ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်အကုန်မှာ ဂျီဒီပီရဲ့ ၆၂ ဒသမ ၆၉ ရာခိုင်နှုန်းထိ ရောက်ရှိလာနိုင်မယ်လို့ ခန့်မှန်းထားပြီး ပြီးခဲ့တဲ့ ဇူလိုင်လအထိ ကိန်းဂဏန်းအချက်အလက်တွေအရ ဂျီဒီပီရဲ့ ၅၅ ဒသမ ၅၉ ရာခိုင်နှုန်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

အခုလအစောပိုင်းတုန်းကလည်း ထိုင်းအစိုးရက ကိုဗစ်-၁၉ အကြပ်အတည်းကာလ ချေးငွေအဖြစ် ဂျီဒီပီရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းထိ မြှင့်တင်ပေးခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up