DVB Logo
Home
Lead Story
တမူးမြို့ခံများ အိန္ဒိယအစိုးရကို ကန့်ကွက်ဆန္ဒပြ
DVB
·
December 24, 2013
တမူးမြို့ခံများ အိန္ဒိယအစိုးရကို ကန့်ကွက်ဆန္ဒပြ
1 / 5
Donate to DVB

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်ခြားသတ်မှတ်မှု မရှိသေးတဲ့နေရာမှာ အိန္ဒိယဘက်က အဆောင်အဦဆောက်ဖို့ ကြိုးစားနေတာကြောင့် ထောင်ချီတဲ့ တမူးမြို့ခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး တမူးမြို့ နန်းဖာလုံဈေးကနေ မြို့လယ်ကို ဒီနေ့မနက် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် နယ်ခြားမှတ်တိုင်တွေဖြစ်တဲ့ ဘီပီ - ၇၇ နဲ့ ဘီပီ ၈၇ ကြားဟာ နှစ်နိုင်ငံ နယ်နိမိတ် အပြီးပြတ်သတ်မှတ်မှု မရှိသေးဘဲ အငြင်းပွားနေဆဲနေရာဖြစ်ပါတယ်။

အဲဒီနေရာမှာ အိန္ဒိယအစိုးရဘက်က မြေထိုးစက်တွေ နဲ့ မြေတူးတာ၊ မြေဖို့တာ၊ မြေညှိတာတွေ ပြုလုပ်နေပြီး ICP (Integrated Check Post) အဆောက်အဦ ဆောက်ဖို့ ပြင်ဆင်နေလို့ ဆန္ဒကြတာဖြစ်ပါတယ်။

တမူးခရိုင်အုပ်ချုပ်ရေးမှူးက အိန္ဒိယအစိုးရကို ဒီဇင်ဘာလအတွင်း ၁၃ ကြိမ် ကန့်ကွက်စာ ပို့ထားပေမယ့်လည်း ဆက်လုပ်နေတာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းဆန္ဒပြကြတာပါ။

တမူးလူငယ်ကွန်ရက်၊ အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက်၊ ဇိုမီးလူငယ်အဖွဲ့၊ မင်းကင်းလူငယ်အဖွဲ့နှင့် တမူးမြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွေအပါအ၀င် တမူးမြို့က ဟိန္ဒူလူမျိုးများတွေပါ ပါဝင်ဆန္ဒပြကြပါတယ်။

အိန္ဒိယအစိုးရဘက်က မရပ်တန့်ဘူးဆိုရင် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ကလေးမြို့နဲ့ ရန်ကုန်မြို့ အိန္ဒိယသံရုံးရှေ့တို့မှာလည်း ဆန္ဒဖော်ထုတ်မယ်လို့ သိရပါတယ်။


[gallery ids="49093,49094,49095,49096,49097"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013