ဒိုက်ဦးမြို့နယ်တွင် မိုင်တဲလ်တာဝါတိုင် ပထမအ​ကြိမ် ဗုံးခွဲခံရ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှာ စက်တင်ဘာလ ၂၈ ရက် ည ၈ နာရီခွဲက စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် တတိုင် ဗုံးခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သရက်တောကျေးရွာအုပ်စု ငှက်သိုက်ပေါက်ကျေးရွာမှာ  မိုင်တဲလ်တာဝါတိုင် ဗုံးခွဲခံရတာ ဖြစ်ပြီ ဗုံးခွဲခံရ​ပြီးနောက် စစ်ကောင်စီက ကျေးရွာကို ရောက်ရှိလာပြီ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ပေါက်ကွဲသံက အကျယ်ကြီးပဲ၊ နောက်မှ မိုင်တဲလ်တာဝါတိုင် ဗုံးခွဲခံရတာလို့ သိရတယ်။ စစ်ခွေးတွေကတော့ ရွာကိုလာပြီး ရမ်းသန်းပစ်ခတ်သွားတယ်၊ ဗုံးခွဲတဲ့သူ​တွေကိုတော့ဖမ်းမမိဘူး။”

ဗုံးခွဲမှုကြောင့် မိုင်တဲလ်တာဝါတိုင် ယိုင်သွားခဲ့ရပြီး ဖုန်းနဲ့အင်တာနက်လိုင်း ခဏ ပြတ်တောက်သွားတယ်လို့ ဒေသခံက ပြောပါတယ်။

ဒိုက်ဦးမြို့နယ်မှာ မိုင်တဲလ်တာဝါတိုင် ပထမဦးဆုံး ဗုံးခွဲခံရတာဖြစ်ပြီး ဒီနေ့မနက်မှာတော့ မြို့အဝင်အထွက်တွေမှာ စစ်ဆေးနေပါတယ်။

More News
Up