Home
မြန်မာသတင်း
တိုက်ခန်းပေါ်မှ ဆွဲချသတ်ဖြတ်ခံရသည့် CDM ဆရာဝန်အပါအဝင် ကျဆုံးပြည်သူ ၁၁၃၉ ဦးထိ ရှိလာ
DVB
·
September 29, 2021

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၈ လနီးပါးအကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၃၉ ယောက်ထိ ရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၂၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူအယောက် ၈၅၅၀ ဖမ်းဆီးခံခဲ့ရကာ ၆၈၉၁ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၉၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၈၉ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာစည်စံပြကျေး ရွာ အထက်တန်းကျောင်းကို အကြမ်းဖက်စစ်အုပ်စု တပ်တွေ ဝင်ရောက်တပ်စွဲခဲ့ပြီး လက် နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံရွာသား ဦးကျော်ဌေးဟာ လက်နက်ကြီး ကျည်ထိမှန်ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမှာ စက်တင်ဘာ ၂၅ ရက်နေ့မ နက် ၁ နာရီ ၃၀ မိနစ်က အကြမ်းဖက်စစ်အုပ်စုတပ်တွေက လူငယ် ၄ ယောက်ကို တိုက် ခန်းပေါ်က ဆွဲချခဲ့ပြီး လမ်းပေါ်မှာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ 

သတ်ဖြတ်ခံရသူတွေထဲမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်ထားတဲ့ စေတနာ့ ဝန်ထမ်း ဆရာဝန် ဒေါက်တာဇင်လင်းနဲ့ ရန်ကုန်ကုတင် ၅၀၀ ဆေးရုံကြီးမှ သူနာပြုဆရာမ မခင်ခင်ကြွယ်တို့ ပါဝင်တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ရုံးအဖွဲ့မှူး ဦးဇော်ဝမ်းမောင်ကို စစ်တပ်က စက်တင်ဘာ ၁၉ ရက်နေ့မှာ ဖမ်းဆီးသွားပြီးနောက် မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး သတင်းအစအနမရဘဲ ပျောက်ဆုံးနေတယ်လို့ သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024