DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်ဗွီဒီယို ကာဗာ ဒီဇိုင်းနဲ့ ရုံတင်ဗီနိုင်းကြော်ငြာတွေ ဆင်ဆာ တင်စရာမလိုတော့
DVB
·
December 24, 2013
ရုပ်ရှင်ဗွီဒီယို ကာဗာ ဒီဇိုင်းနဲ့ ရုံတင်ဗီနိုင်းကြော်ငြာတွေ ဆင်ဆာ တင်စရာမလိုတော့
Donate to DVB

ရုပ်ရှင်ဗီဒီယိုကြော်ငြာကာဗာတွေ၊ ရုံတင်ဗီနိုင်းကြော်ငြာဘုတ်တွေကို လာမယ့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်ကစပြီး ဆင်ဆာတင်စရာမလိုတော့ဘူးလို့ မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ပြောပါတယ်။

rtx129vrအရင်က ရုပ်ရှင်ဗွီဒီယိုကြော်ငြာကာဗာ ဒီဇိုင်းကအစ ရုပ်ရှင်လုပ်ငန်းကို တင်ပြကြကြရပြီး ရုပ်ရှင်လုပ်ငန်းကခွင့်ပြုမှ ဒီဇိုင်းထုတ် ကြော်ငြာဘုတ်တင် လုပ်ခဲ့ရတာပါ။ အခု အဲ့ဒီလို မတင်ရတော့ဘူးလို့ ဦးသိန်းထွန်းအောင်က ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ ပုံနှိပ်မီဒီယာအနေနဲ့ စာပေစိစစ်ကို ဖြုတ်ပေးထားပြီးပြီ။ ပုံနှိပ်ထုတ်ဝေတဲ့ဟာတွေမှာလည်း ကျနော်တို့က အများကြီး လျော့ပေါ့ စဉ်းစားပေးနေပြီလေ။ ဓာတ်ပုံတို့၊ ပိုစတာတို့၊ ဒီဇိုင်းတွေဆိုတာလည်း ပုံနှိပ်ထုတ်ဝေတာတွေနဲ့ တသဘောတည်း ရှိတယ်။ အဲဒီတော့ အဲဒါတွေနဲ့ ပတ်သက်ရင် တပြေးညီ ဖြစ်စေဖို့အတွက်ကို ဆောင်ရွက်ပေးထားတာဖြစ်တယ်။”

ရုပ်ရှင်၊ ဗွီဒီယိုဇာတ်ကားတွေကတော့ ဆင်ဆာတင်ရဦးမှာဖြစ်တယ်။ အခုလို ဖြေလျှော့ပေးလိုက်ပြီးတဲ့နောက် ဇာတ်ကားမှာ မပါတဲ့ ဓာတ်ပုံတွေ နိုင်ငံခြားဇာတ်ဝင်ခန်းတွေ ထဲ့သွင်းဖော်ပြတာမျိုးတွေ လုပ်ရင်တော့ ကိုယ့်ကိစ္စ ကိုယ်တာဝန်ယူကြရမယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဟောင်း သရုပ်ဆောင် ဦးဇင်ဝိုင်းက အခုလို ဖြေလျှော့ပေးလိုက်တဲ့အတွက် ထုတ်လုပ်သူတွေအနေနဲ့ အဆင့်တဆင့် အလုပ်ရှုပ် သက်သာသွားပြီး တာဝန်ယူမှုရှိဖို့ လိုမယ်လို့ သုံးသပ်ပြောပါတယ်။

“တာဝန်ခံရမှာတော့ ထုတ်လုပ်သူများ ဖြစ်သွားပါပြီ။ ကျနော်တို့ဘက်က ဘာကို သတိထားဖို့ လိုသလဲဆိုရင် ဥပမာ - ရုန့်ရင်းကြမ်းတမ်းတဲ့ ပုံစံမျိုးတွေရယ်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ သိပ်ကို ဆန့်ကျင်တဲ့ဟာတွေပေါ့။ ကျနော်မြင်နေတာပဲ စာနယ်ဇင်းတွေထဲမှာ နေ့စဉ်ထုတ် သတင်းစာ တွေထဲမှာလည်း ၀တ်စားဆင်ယင်မှုတွေနဲ့ ပတ်သက်လို့ တော်တော့်ကိုမှ စည်းလျော့ပြီး ဖော်ပြနေတာတွေ တွေ့နေရပါတယ်။ တချို့ဆိုရင် တော်တော်ကို အမြင်မတင့်တယ်တာမျိုးတွေလည်း တွေ့ရပါတယ်။ အဲဒါမျိုးကတော့ ကိုယ်စီကိုယ်စီ ကိုယ့်ဘာသာကိုယ် တာဝန်ခံသွား တာဝန်ယူသွားဖို့ပဲ ရှိပါတယ်။”

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အရင်စာပေစိစစ်ရေးက ပြုလုပ်ခဲ့တဲ့ စာပေဆင်ဆာ ဖြတ်တောက်ခြင်းလုပ်ငန်းကို ရပ်တန့်ခဲ့ပြီး ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013