မန္တလေးတိုင်း၊ မြင်းခြံမြို့၊ စွန်းလွန်းတံတားအနီးမှာ စက်တင်ဘာ ၂၆ ရက် ဒီနေ့ မနက်ပိုင်းက ဗုံး ၁ လုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံမြို့သားတဦးက ''မြို့ပတ်လှည့်နေတဲ့ စစ်သားတွေ အနားရောက်မှ ပေါက်တာတဲ့ ၃ ယောက် သေပြီး ၂ ယောက်ဒဏ်ရာရတယ်လို့တော့ သိရတယ်။ ကျနော့် အထင်တော့ အဝေးထိန်း ရီမုမိုင်းဖြစ်မယ်ဗျ"လို့ ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့ အနီးတဝိုက်ကိုလည်း ပိတ်ဆို့ စစ်ဆေးနေပြီး အ.ထ.က ၁ စာသင်ကျောင်းအတွင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ရမ်းသန်း ပစ်ခတ်နေတယ်လို့ ဒေသခံက ပြောပါတယ်။