မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ခေါင်းဘိုရွာအနီးက စစ်တပ်ပိုင် Mytel တာဝါတိုင်ကို စက်တင်ဘာ ၂၆ ရက် ဒီနေ့မနက်အစောပိုင်း ၂ နာရီဝန်းကျင်လောက်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
ကျေးရွာသားတဦးက “'ညက အုန်းဆိုတဲ့ အသံကြီး ကြားလိုက်ရတယ်။ မနက်ကမှ မိုင်တဲတာဝါတိုင်ကို ဖောက်ခွဲသွားတယ်လို့ ပြောနေကြတာ။ ဘယ်သူတွေ လုပ်သွားတယ်ဆိုတာ ကျနော်တို့လည်း မသိဘူး။ ဒီနယ်မှာ PDF မရှိဘူးလေ” လို့ ပြောပါတယ်။
အဆိုပါ ဖျက်ဆီးခံလိုက်ရတဲ့ Mytel တာဝါတိုင်နေရာကို စစ်ကောင်စီတပ်သားတွေ လာရောက်ရာမှာ စစ်ကား ဗွက်နစ်ခဲ့တယ်လို့လည်း သိရပါတယ်။ စစ်ကားလာရောက်စဉ် ဒေသခံလူငယ်တွေကတော့ စိုးရိမ်လွန်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပါတယ်။
ငါန်းဇွန်မြို့နယ်မှာ Mytel ဝါတာတိုင် ဖျက်ဆီးခံရတာဟာ ပထမဆုံးဖြစ်ပြီး ဘယ်အဖွဲ့ကမှ သူတို့လက်ချက်လို့ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။