နိုင်ငံခြားသံရုံးများ သတင်းမထုတ်ခင် အချက်အလက်စိစစ်ရန် စစ်ကောင်စီ သတိပေး

ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးတချို့အနေနဲ့ သတင်းထုတ်ပြန်ခြင်းမပြုမီ သတင်း အချက်အလက်တွေကို ဂရုပြုစိစစ်ကြဖို့နဲ့  မြန်မာနိုင်ငံအစိုးရမှ တရားဝင်ထုတ်ပြန် ထားတဲ့ သတင်းအချက်အလက်တွေကို အလေးထားဖော်ပြသွားကြဖို့ စစ်ကောင်စီ  နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

သံရုံးတချို့ဟာ မြန်မာနိုင်ငံ မြို့နယ်တချို့မှာ အင်တာနက် ဖြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာကို  စိုးရိမ်ပူပန်ကြောင်း  မမှန်ကန်၊ မရေရာတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ထုတ်လွှင့်တဲ့ လူမှုကွန်ရက် စာမျက်နှာရှိ သတင်းတွေကို ကိုးကား ထုတ်ပြန်နေတာတွေ့ရတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ 

အင်တာနက်ဖြတ်တောက်မှုဟာ ဆက်သွယ်ရေး တာဝါတိုင်တွေ ဖျက်ဆီးခံရလို့ ဖြစ်တယ်လို့လည်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်ထဲက မြို့နယ်အချို့မှာ စက်တင်ဘာ ၁၄ ရက်ကတည်းက  မိုဘိုင်းအင်တာနက်လိုင်းတွေ ပြတ်တောက်နေတာဖြစ်ပြီး အထူးသဖြင့် စစ်ကောင်စီတပ်တွေ စစ်ဆင်ရေးလုပ်နေတဲ့ နေရာတွေမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်း  စက်တင်ဘာ ၇ ရက် နေ့ စစ်ကြေညာပြီးနောက်   မိုင်းခွဲ၊ မီးရှို့ဖျက်ဆီးခံရတဲ့ စစ်တပ်ပိုင် Mytel တာဝါတိုင် ၁၀၀ ဝန်းကျင်ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up