မန်စီးတီးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရူံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက်ရဲ့ ဖိအားပေးမှုတွေထဲကနေ ရုန်း မထွက်နိုင်ခဲ့ကြောင်း ချဲလ်ဆီးနည်းပြ တူချယ်က ဝန်ခံစကားဆိုလိုက်ပါတယ်။
ချဲလ်ဆီး အသင်းအတွက် အခုနှစ်ပရီးမီးယားလိဂ်မှာ ပထမဆုံးရှုံးပွဲတွေ့ခဲ့တာဖြစ်ပြီး အသင်းသားတွေအနေနဲ့ မန်စီးတီးရဲ့ ဖိအားတွေအောက်မှာ ယုံကြည်မှုပျောက်ဆုံးနေခဲ့ကြတယ်လို့ နည်းပြတူချယ်က ပွဲအပြီးမှာ ပြောပါတယ်။
“ကျနော်တို့က အမှားတွေလုပ်မိတိုင်း ယုံကြည်မှုက ပိုပျောက်ဆုံးသွားခဲ့တယ်။ ဂိုးမပေးရခင်အထိ ခံစစ်ကောင်းခဲ့ပေမယ့် ရိုမီလူလူကာကူနဲ့ကြတော့ ချိတ် ဆက်မှုမရှိခဲ့ဘူး။ ဒါကအသင်းလိုက်ပြဿနာဖြစ်ပြီး တစ်ဦးချင်းမှာ ဘယ်သူ့မှအပြစ်တင်လို့ မရပါဘူး။ ကိုယ့်ရဲ့ အကောင်းဆုံးခြေစွမ်း ထုတ်မပြနိုင်ဘဲနဲ့တော့ ရလဒ်တစ်ခုမျှော်လင့်လို့မရနိုင်ပါဘူး”
မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသနိုင်ခဲ့ပြီး အနိုင်သုံးမှတ်ထက် ပိုရတဲ့ပွဲ ဖြစ်ခဲ့တယ်လို့ ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့တယ်။