အစိုးရနှင့်တအာင်းတပ် တိုက်ပွဲဖြစ်

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (ဓာတ်ပုံ - pnsjapan.com)
မြန်မာအစိုးရ စစ်တပ် ခမရ ၁၇ နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) တပ်ရင်း ၇၁၇ တို့ ကျောက်မဲမြို့နယ် ပန်ကွဲရွာအနီးမှာ ဒီဇင်ဘာလ ၂၂ ရက် နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ [caption id="attachment_49026" align="alignright" width="300"]ဓာတ်ပုံ - pnsjapan.com ဓာတ်ပုံ - pnsjapan.com[/caption]တအာင်းတပ်ရင်း ၇၁၇ က ပန်ကွဲရွာမှာ စစ်ကြောင်းနားနေစဉ် မြန်မာအစိုးရ ခမရ ၁၇ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရင်ဆိုင်တိုက်ပွဲ ၁၅ မိနစ်လောက် ဖြစ်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် အထွေထွေအတွင်းရေးမှူး တာအိုက်ဖုန်းက ပြောဆိုပါတယ်။ မြန်မာစစ်တပ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသားတွေ စိုက်ပျိုးထားတဲ့ စိုက်ခင်းအချို့ ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ သိရှိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up