ပခုက္ကူမြို့နယ်တွင် ကမ်းပြိုသဖြင့် နေအိမ် ၃၀ ရွှေ့ပြောင်း
DVB
·
September 25, 2021
မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ စက်တင်ဘာ ၂၄ ရက်က ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပြိုကျတာကြောင့် နေအိမ် ၃၀ လောက် ဘေးလွတ်ရာ ရွှေ့ပြောင်းထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျွန်းညိုကျေးရွာနဲ့ ရွာသစ်ကျေးရွာတွေမှာ ကမ်းပြိုတာကြောင့် နေအိမ် ၃၀၊ လူဦးရေ ၁၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းထားရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
နေအိမ်တွေကို အရေးပေါ်ရွှေ့ပြောင်းနေကြရတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေပြီး ဘယ်အဖွဲ့စည်းကမှ အကူအညီ မရသေးတာကြောင့် အကူညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။